ထိုတက္ကသိုလ်ကို တက္ကသိုလ်ဝင်စာမေးပွဲမှာ ဘယ်ဘာသာတွဲနဲ့မဆို အောင်မြင်ထားသူတွေ၊ ကျန်းမာရေးကောင်းမွန်ပြီး သက်ဆိုင်ရာ အထူးပြုဘာသာရပ်နဲ့ ကိုက်ညီသော ကိုယ်အင်္ဂါ ကျန်းမာသန်စွမ်းသူ၊ အနုပညာဝါသနာပါသူတွေ လျှောက်ထားနိုင်ပါတယ်။
ဂီတပညာ အထူးပြု (၄)နှစ် ၀ိဇ္ဇာဘွဲ့(ဂီတ)၊ သဘင်ပညာအထူးပြု (၄)နှစ် ၀ိဇ္ဇာဘွဲ့(သဘင်)၊ ပန်းချီပညာအထူးပြု (၄) နှစ် ၀ိဇ္ဇာဘွဲ့(ပန်းချီ)၊ ပန်းပုပညာအထူးပြု (၄)နှစ် ၀ိဇ္ဇာဘွဲ့(ပန်းပု)၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာ အထူးပြု (၄)နှစ် ၀ိဇ္ဇာဘွဲ့ (ရုပ်ရှင်နှင့်ပြဇာတ်) သင်တန်းတွေ ကို လျှောက်ထားတက်ရောက်နိုင်မှာဖြစ်ပြီး ဂုဏ်ထူးတန်းတက်ရောက်ရန် သတ်မှတ် အရည်အချင်း ပြည့်မီပါက စုစုပေါင်းသင်တန်းကာလ ၅ နှစ် တက်ရောက်ရမှာ ဖြစ်ပါတယ်။
READ - တက္ကသိုလ်ဝင်တန်း အမှတ် ၃၈၀ နဲ့အထက်ရရှိသူတွေ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် လျှောက်နိုင်
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် စာစစ်ဌာနတွေမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ သူတွေအနေနဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) သို့လည်းကောင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်စာစစ်ဌာနများမှ အောင်မြင်ခဲ့သူတွေအနေနဲ့ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သို့လည်းကောင်း၊ လျှောက်ထားတက်ရောက်နိုင်ပါတယ်။
လျှောက်လွှာပုံစံတွေကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ၁/ဈ၊အောင်ဇေယျလမ်း၊ (၂၆)ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မှာလည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)၊ ရွှေစာရံဘုရားလမ်း၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီးမှာလည်းကောင်း ၀ယ်ယူကာလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
လျှောက်လွှာပုံစံနဲ့အတူ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံချက်၊ အမှတ်စာရင်း မူရင်း ၊ ပတ်စပို့ ဓာတ်ပုံ ၅ ပုံကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် နောက်ဆုံးထားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) နှင့်အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) သို့ တိုက်ရိုက်ပေးပို့ လျှောက်ထားကြရမှာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၂၆ ရက်နေ့မှာ လူတွေ့စစ်ဆေးပေးမှာဖြစ်ပြီး ထပ်မံသိရှိလိုသူတွေအနေနဲ့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဖုန်း – ၀၁-၅၉၀၂၅၂၊ ၀၁-၅၉၀၂၅ ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ ဖုန်း – ၀၈၅-၄၀၁၈၄ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
source: internet journal