အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ၂၀၁၇-၁၈ ပညာသင်နှစ်မှ စ၍ အချိန်ပိုင်းအနုပညာ ဒီပလိုမာသင်တန်း လေးမျိုးဖြစ်သည့် Diploma in Music, Diploma in Dramatic Arts, Diploma in Painting, Diploma in Sculpturebmom ရပ်များကို Level သုံးခုဖြင့် ကိုးလသင်တန်းများအဖြစ် ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။
သင်တန်းလျှောက်လွှာများကို ယခုလ ၂ရက်နေ့မှစတင်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၏ သင်တန်းရေးရာဌာနတွင် ထုတ်ယူပြီး စတင်လျှောက်ထားနိုင်မည်ဖြစ်သည်။
READ - လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အတွက် လျှောက်လွှာ ခေါ်ယူခြင်း
ဒီပလိုမာသင်တန်းအလိုက် သင်ကြားပေးမည့် ဘာသာရပ်များမှာ ဂီတပညာဌာနတွင် (စောင်း၊ ပတ္တလား၊ စန္ဒယား၊ တယော၊ အဆို)၊ သဘင်ပညာဌာတွင် (မြန်မာ့ရိုးရာရုပ်သေးပညာ၊ မြန်မာ့ရိုးရာ အကပညာ၊ ပန်းချီဌာနတွင် (အခြေခံပန်းချီသင်တန်း၊ ရေဆေးရောင်စုံဆွဲနည်းနှင့် လူပုံရေးဆွဲနည်းသင်တန်း၊ ဆီဆေးနှင့် အခရိုက်လစ်ရေးနည်းသင်တန်း)၊ ပန်းပုပညာဌာနတွင် (အခြေခံပန်းပုသင်တန်း၊ မြန်မာ့ရိုးရာပန်းပုသင်တန်း၊ ပန်းပုနည်းပညာ သင်တန်း) တို့ဖြစ်သည်။
သင်တန်းကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ မှ ဧပြီလ အထိ Level-1၊ မေလမှ ဇူလိုင်လအထိကို Level-2၊ စက်တင်ဘာလမှ နိုဝင်ဘာလအထိ Level-2 ဖြင့် ကိုးလကြာ တက်ရောက်ရမည် ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today