ဝင်ခွင့်လျှောက်ထားခြင်း
*****************
၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ၂၀၁၈ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများသာလျှောက်ထားနိုင်ပါသည်။ ဤ National Management Degree College Facebook Page တွင်လည်းကောင်း၊ နိုင်ငံပိုင်နေ့စဉ်ထုတ် သတင်းစာများဖြစ်သော မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင်လည်းကောင်း ကျောင်းဝင်ခွင့်ကို သီးသန့်ကြော်ငြာခေါ်ယူသောအခါ NMDC ကျောင်းသားရေးရာဌာနတွင် လျှောက်လွှာများအခမဲ့ရယူ တင်သွင်းလျှောက်ထားနိုင်ပါသည်။
လက်ခံသင်ကြားပေးနိုင်မည့်ဦးရေ
************************
Business Management (၁၀၀)ဦး
Tourism and Hospitality Management (၁၀၀)ဦး
Journalism (၅၀)ဦး
EPP (၅၀) ဦးသတ်မှတ်ထားပါသည်။
ဦးရေသတ်မှတ်ချက်အရသာခေါ်ယူခြင်းဖြစ်ပါသည်။
ဘွဲ့ကြိုတန်းအထူးပြုဘာသာရပ်များ
**************************
အထူးပြုဘာသာရပ်များမှာ
#Business Management ဘာသာရပ်
#English for Professional Purposes ဘာသာရပ်
#Tourism and Hospitality Management ဘာသာရပ်
#Journalismဘာသာရပ် တို့ဖြစ်ပါသည်။
ထိုဘာသာရပ်များအားလုံးသည် တက္ကသိုလ်နေ့သင်တန်းများ အတိုင်းအချိန်ပြည့်တက်ရောက်သင်ယူရပြီး စာတွေ့၊လက်တွေ့ကို သင်ထောက်ကူပစ္စည်းများပြည့်စုံစွာဖြင့် သင်ယူလေ့လာရမည် ဖြစ်ပါသည်။
သင်တန်းကာလ
************
ပညာသင်နှစ်တစ်နှစ်လျှင် Semester(၂)ခုတက်ရောက်ရပြီး စုစုပေါင်းSemester(၈)ခု တက်ရောက်အောင်မြင်ပြီးသူများကို ဘွဲ့အပ်နှင်းပါသည်။
အပ်နှင်းသောဘွဲ့
************
သင်တန်းကာလ လေးနှစ်တာအောင်မြင်ပြီးမြောက်သူများကို #BBMဘွဲ့
#BA(EPP)ဘွဲ့
#BTHMဘွဲ့
#BA(Journalism)ဘွဲ့များအပ်နှင်းလျက်ရှိပါသည်။
ဒီပလိုမာ
******
Diploma in Tourism Studies and Management ဘွဲ့လွန်ဒီပလိုမာအချိန်ပိုင်းသင်တန်းကိုလည်းနိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် တစ်နှစ်တစ်ကြိမ်ကြော်ငြာ ခေါ်ယူလျက်ရှိပါသည်။သင်တန်းချိန်များမှာ တနင်္လာနေ့မှသောကြာနေ့အထိ၊ နံနက်(၇)နာရီမှနံနက်(၉)နာရီအထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလ စုစုပေါင်း(၉)လဖြစ်ပါသည်။
ထပ်မံသိရှိလိုသောအချက်အလက်များကိုအောက်ပါလိပ်စာတွင် ရုံးချိန်အတွင်းစုံစမ်းနိုင်ပါသည်။
National Management Degree College
အမှတ်(၂၇၃/၂၇၉)၊ကုန်သည်လမ်း၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
01-292566, 01-200639, 01-292121
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။