အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ဝင်ခွင့်စတင်ခေါ်ယူခြင်း

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ဝင်ခွင့်စတင်ခေါ်ယူခြင်း

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များက ဝင်ခွင့်စတင်ခေါ်ယူနေပါသည်။

 

ဂီတပညာ၊ သဘင်ပညာ၊ ပန်းချီပညာ၊ ပန်းပုပညာ၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာ ဟူ၍ အထူးပြုဘာသာရပ် () ခုကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်နှင့် မန္တလေး) တွင် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလ လေးနှစ်ပြီးဆုံးပါက ဝိဇ္ဇာဘွဲ့ ပေးမည်ဖြစ်ပါသည်။

 

လျှောက်လွှာများကို စတင်လျှောက်လို့ရနိုင်နေပါပြီ၊ အောက်တိုဘာ (၁၈) ရက် နောက်ဆုံးထားလျှောက်ထားပြီး အောက်တိုဘာ (၂၈) ရက်တွင် လူတွေ့စစ်ဆေးပါမည်ဖြစ်ကြောင်း အမျိုသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ကျောင်းသားရေးရာဌာန တာဝန်ရှိသူ တစ်ဦးကပြောပါသည်။

 

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တွင် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တို့ရှိ စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများကို လက်ခံသင်ကြားပေးမည် ဖြစ်ကာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)တွင် နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်း၊ ကယား၊ ကချင်၊ ချင်းပြည်နယ် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများကို လက်ခံမည်ဟုသိရပါသည်။

 

သင်တန်းဝင်ခွင့်လျှောက်လွှာများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) အမှတ် ၁/ဈ အောင်ဇေယျလမ်း၊ ၂၆ ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)တွင်လည်းကောင်း။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ရွှေစာရံဘုရားလမ်း၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ရယူကာ အောက်တိုဘာ (၁၈) ရက်နောက်ဆုံးထား လျှောက်ထားရမည်ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များက ကြေညာချက် ထုတ်ပြန်ထားပါသည်။

 

Read More: ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) တွင် ကျောင်းသား/သူများ အခက်အခဲတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက

 

ယင်းတက္ကသိုလ်ကို တက္ကသိုလ်ဝင်စာမေးပွဲတွင် မည်သည့်ဘာသာတွဲဖြင့်အောင်မြင်သည်ဖြစ်စေ တက်ရောက်နိုင်ပြီး အထူးပြုဘာသာရပ်များကိုလည်း ဝါသနာပါသည့်အတိုင်း ဦးစားပေးလျှောက်ထားနိုင်ပါသည်။

 

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ကို ၁၉၉၃၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ကို ၂၀၀၁ မှ စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်လျှင် ကျောင်းသား/သူ (,၀၀၀) ကျော်လက်ခံသင်ကြားပေးနေပါသည်။

 

Source; 7 Day News

 

News Read 1583 times