မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လူ့အခွင့်အရေးအခြေခံသင်တန်းအတွက် သင်တန်းသားခေါ်ယူခြင်း ဖြစ်ပါသည်။
၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူများအတွင်း လူ့အခွင့် အရေး အသိပညာ တိုးပွားစေရေးအတွက် ရည်ရွယ်၍ လူ့အခွင့်အရေး အခြေခံသင်တန်း အမှတ်စဉ် (၁) ကို ဖေဖော်ဝါရီလ တတိယပတ်တွင် အောက်ပါ အစီအစဉ်အတိုင်း ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
(က) သင်တန်းကာလ - ၂၅-၂-၂၀၁၉ ရက်နေ့မှ ၈-၃-၂၀၁၉ ရက်နေ့အထိ (ရုံးဖွင့်ရက် များသာ)၊
(ခ) သင်တန်းချိန် - နေ့စဉ် နံနက် ၀၇:၀၀ နာရီမှ ၀၉:၀၀ နာရီအထိ၊
(ဂ) သင်တန်းသား အရေအတွက် - (၅၀) ဦး။
၂။ သင်တန်းမှာ အခမဲ့ဖြစ်ပြီး သင်တန်းအထောက်အကူပြု စာရွက်စာတမ်းများအတွက် ကုန်ကျမှုကို သင်တန်းသားမှ ကျခံရမည်ဖြစ်ပါသည်။
တက်ရောက်လိုသူများအနေဖြင့် ကော်မရှင်ရုံးသို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း၊ website; www.mnhrc.org.mm နှင့်Facebook Page www.facebook.com/myanmarnhrc တို့တွင် ဝင်ရောက် ကြည့်ရှု၍ (၈-၂-၂၀၁၉) နေ့ နောက်ဆုံးလျှောက်ထားနိုင်ပါသည်။
အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးဌာန၊ အမှတ်(၂၇)၊ ပြည်လမ်း၊ ၆ မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁ ၆၅၄၆၇၃၊ ၀၁ ၆၅၄၆၈၁ (လိုင်းခွဲ၈၃၁၊ ၈၄၈) တို့ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ရွေးချယ်သော သင်တန်းသားများအား (၁၅-၂-၂၀၁၉) ရက်နေ့ Website နှင့် Facebook မှ ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
လျှောက်လွှာတင်ရန် link; https://docs.google.com/forms/d/1xSELHFmt5pSPpDv7HO31RRkew0b1jMvtFLFA7YNIRpA/viewform?fbclid=IwAR2JySLIYb75Ni-6zP3L4q4an2V_XJo4fpeLQDvIRf0yC8IMLAvSOpV3X1M&edit_requested=true
source: mnhrc