၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ၂၀၁၀-၂၀၂၁ ပညာသင်နှစ် အရာရှိလောင်းဒီပလိုမာသင်တန်းအမှတ်စဉ် (၁၄) (CD 48, CE 46, & CME 1) သို့တက်ရောက်ရန် ပဏာမရွေးချယ်ခံရသူများစာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။
၂။ ပဏာမရွေးချယ်ခံရသူများသည် (၁၃-၉-၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ ကျောင်းသားရေးရာဌာနတွင် သတင်းပို့ကြရမည်ဖြစ်ပါသည်။
**ပဏာမရွေးချယ်ခံရသူများသည် အောက်ပါအတိုင်းဆောင်ရွက်ကြရန်**
၁။ ပဏာမရွေးချယ်ခံရသူများသည် လျှောက်ထားသူကိုယ်တိုင် ကျောင်းသားရေးရာဌာနတွင် (၉-၉-၂၀၁၉) ရက်နေ့မှ (၁၃-၉-၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ သတင်းပို့လက်မှတ်ရေးထိုးပြီး အထွေထွေကျန်းမာရေးစစ်ဆေးရန်နှင့် မျက်စိစစ်ဆေးရန်အတွက် ရက်ချိန်းယူရပါမည်။
၂။ မျက်စိစစ်ဆေးရမည့်ပုံစံကို သတင်းပို့သည့်နေရာတွင်ထုတ်ယူဖြည့်စွက်၍ (၁၃-၉-၂၀၁၉) ရက်နေ့ နေ့လည် (၁၂) နာရီ နောက်ဆုံးထား၍ သတင်းပို့သည့်နေရာတွင် ပြန်လည်တင်ပြရမည်။ (မျက်စိစစ်မည့်ပုံစံတွင် ကပ်ရမည့် ဓါတ်ပုံမှာ အနောက်တိုင်းဝတ်စုံ၊ လည်စီး (Neck Tile)ဖြင့် ရိုက်ထားသော ဓါတ်ပုံဖြစ်ပြီးနောက်ခံ အရောင်မှာ အဖြူရောင်ဖြစ်ရပါမည်။ ဓါတ်ပုံအရွယ်အစားမှာ 30mm x 40mm ဖြစ်ရပါမည်။
၃။ ဆေးအားလုံးစစ်ဆေးပြီးပါက် လူတွေ့နှုတ်ဖြေ ဖြေဆိုရမည့်စာရင်းကို (၃-၁၀-၂၀၁၉) ရက်နေ့တွင်လာရောက်ကြည့်ရှုရမည်ဖြစ်ပါသည်။
**ဆေးစစ်ဆေးခြင်းများ ဆောင်ရွက်ရန်အစီအစဉ်**
၁။ အထွေထွေဆေးစစ်ဆေးခြင်းများကို တက္ကသိုလ်များဆေးရုံတွင် နေ့လည် (၂) နာရီတွင် စစ်ဆေးပေးမည်ဖြစ်၍ မိမိစစ်ဆေးရမည့်နေ့ရက်တွင် နေ့လည် (၁း၄၅) နာရီအရောက် တက္ကသိုလ်စာတိုက်အနီး၊ ရန်ကုန်တက္ကသိုလ်ကျောင်းရှေ့ရှိ တက္ကသိုလ်များဆေးရုံ ပြင်ပလူနာဌာနသို့ မှတ်ပုံတင်မူရင်းနှင့်အတူ အရောက်သွားရန်။
(ဘီပိုး စစ်ဆေးခြင်းကို မိမိအစီအစဉ်ဖြင့် စစ်ဆေးပြီး ရရှိလာသည့် ဆေးလက်မှတ်ကို တက္ကသိုလ်များ ဆေးရုံသို့ ဆေးစစ်သွားသည့်အခါ ယူဆောင်သွားရမည်)
၂။ မျက်စိစစ်ဆေးရန်အတွက် မိမိမျက်စိစစ်ဆေးရမည့်နေ့တွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်သို့ ရှပ်အင်္ကျီအဖြူ၊ ပုဆိုးဝတ်ဆင်၍ မှတ်ပုံတင်မူရင်းနှင့်အတူ နံနက် (၈း၃၀)နာရီ အရောက်လာရန်။
၃။ စိတ်ကျန်းမာရေးစစ်ဆေးခြင်းကို စိတ်ကျန်းမာရေးဆေးရုံမှ ဆရာဝန်ကြီးများမှ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တွင် အောက်တိုဘာုလ ပထမပတ်တွင် လာရောက်စစ်ဆေးပေးမည်ဖြစ်၍ မျက်စိစစ်ဆေးသည့်နေ့ရက်တွင် စစ်ဆေးရမည့်နေ့ရက်ကို ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပါသည်။
Engineering (36) အင်ဂျင်နီယာလုပ်ငန်းသင်တန်းများနှင့် ပတ်သက်ပြီး (36) ခုရှာရန်နှိပ်ပါ။
**သတင်းပို့သည့်အခါ အောက်ပါဆေးစစ်ခများကို တစ်ပါတည်းပေးသွင်းရန်**
၁။ တက္ကသိုလ်များဆေးရုံတွင် ဆေးစစ်ခအတွက် အလှူငွေ (၂၅၀၀) ကျပ်
၂။ စိတ်ကျန်းမာရေးဆေးရုံမှ ဆေးစစ်ခအတွက် အလှူငွေ (၂၅၀၀) ကျပ်
၃။ မျက်စိစစ်ဆေးခအတွက် ရေကြောင်းဦးစီးသို့ ပေးသွင်းရမည့်ငွေ (၅၅၀၀)
**Marine Electrical Technology ရေကြောင်းလျှပ်စစ်နည်းပညာဒီပလိုမာ အရာရှိလောင်းသင်တန်းသို့ ပြောင်းလဲလျှောက်ထားလိုသော ကျောင်းသားများသည် လူတွေ့စစ်ဆေးဝင်ရောက်သည့် အချိန်တွင် ဆန္ဒပြုလွှာ လျှောက်ထားကြည်ရပါမည်။**
Read More:>>> ရေကြောင်းအင်ဂျင်နီယာသင်တန်းကျောင်း (သိမ်ဖြူသင်္ဘောကျင်း)သင်တန်းသားခေါ်ခြင်း
Source: Myanmar Mercantile Marine College