မြန်မာနိုင်ငံကုန်သွယ်ရေးရေကြောင်းကောလိပ် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

မြန်မာနိုင်ငံကုန်သွယ်ရေးရေကြောင်းကောလိပ် သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အောက်ဖော်ပြပါ အရာရှိလောင်း ဒီပလိုမာသင်တန်းများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။


၁။ သင်တန်းအမည်
** ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်း (CD/48)
** ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်း (CE/46)
** ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်း (CME/1)


၂။ ပေးအပ်မည့်ဒီပလိုမာ
** ရေကြောင်းပညာဒီပလိုမာ (Diploma in Nautical Studies)
** ရေကြောင်းနည်းပညာဒီပလိုမာ (Diploma in Maritime Technology)
** ရေကြောင်းလျှပ်စစ်နည်းပညာဒီပလိုမာ (Diploma in Marine Electrical Technology)


၃။ သင်တန်းဝင်ခွင့်အရည်အချင်း
** တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်ပြီး၊ စုစုပေါင်းအမှတ် အနည်းဆုံး (၄၁၀) ရှိရပါမည်။
** ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၂၀) နှစ်အထက်မကျော်လွန်စေရပါ။


၎။ သင်တန်းကာလမှာ (၂) နှစ် ဖြစ်ပါသည်။


၅။ လက်ခံမည့်သင်တန်းသားဦးရေ
** ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်း (၉၀) ဦး
** ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်း (၉၀) ဦး
** ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်း (၂၀) ဦး ဖြစ်ပါသည်။

 

Read More>>> မန္တလေးပညာရေးကောလိပ်သို့ တတိယနှစ်ဝင်ခွင့်လျှောက်ထားလိုသူများသိရှိစေရန်


၆။ လျှောက်လွှာလက်ခံမည့်ရက် (၁-၈-၂၀၁၉) မှ (၃၀-၈-၂၀၁၉) ရက်အထိဖြစ်ပါသည်။
** သင်တန်းဝင်ခွင့်ကို လူတွေ့စစ်ဆေးရွေးချယ်မည်ဖြစ်ပါသည်။
** အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ မော်ကွန်းထိန်း (ဖုန်း ၀၉-၄၄၃၀၂၅၆၂၀)၊ သင်တန်းဌာန (ဖုန်း ၀၉-၄၄၁၉၇၈၂၉၆) သို့ ဆက်သွယ်မေးမြန်းရန်နှင့် Website www.mmmc.edu.mm Myanmar Mercantile Marine College Facebook Page တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
** သင်တန်းဝင်ခွင့်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် အမေးအဖြေပြုလုပ်ခြင်းများကို (၁၇-၈-၂၀၁၉) ရက်နေ့တွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တွင် ပြုလုပ်မည်ဖြစ်ပါသည်။

 

Source: Myanmar Mercantile Marine College

 

News Read 7917 times