ရေကြောင်းတက္ကသိုလ်ကျောင်းသားများသည် ကျောင်းပြီးပါက ၁ နှစ်ခန့် ပင်လယ်အတွေ့အကြုံယူရသည့် အပြင် သင်္ဘောသားလက်မှတ်ရရှိရေးအတွက် စာမေးပွဲဖြေဆိုရခြင်းကြောင့် နောက်ထပ် ၁ နှစ်ခွဲခန့် အချိန်ထပ်ပေးရသည်။
ယင်းသို့အချိန်ကြန့်ကြာမှုအရ ကျောင်းသားများ အလုပ်အကိုင်အခွင့်အလမ်း ထိခိုက်နိုင်သဖြင့် ၂၀၁၈-၁၉ ပညာသင်နှစ်မှစတင်ကာ ပညာသင်နှစ် ၁ နှစ်လျှော့ချလိုက်ခြင်း ဖြစ်သည်။
ကျောင်းသားများရဲ့သဘောဆန္ဒရယ် ဆရာ/ဆရာမတွေရဲ့ သဘောတူညီမှုရယ်၊ ခေတ်ကာလမတူညီတဲ့ တက္ကသိုလ်ရဲ့ သဘောသဘာဝကြောင့် ပြောင်းမှဖြစ်မယ်ဆိုပြီး အဆင့်ဆင့်တင်ပြပြီး ပြောင်းတာပါ။
ယင်းအပြင် ၁၅ နှစ်ကျော် သက်တမ်းရှိပြီဖြစ်သော ရေကြောင်းတက္ကသိုလ်တွင် သင်ကြားရေးသင်္ဘောမရှိသည့်အတွက် သင်္ဘောတောင်းခံရန်လည်း စီစဉ်ထားကြောင်း ပြောသည်။
နိုင်ငံတကာက သင်္ဘောသားတွေ စိစစ်တဲ့နေရာမှာ White List ကိစ္စပေါ့။ Black List ဖြစ်သွားမှာ ကြောက်ရတယ်။ White List ဖြစ်ဖို့ အောင်မြင်ဖို့ သင်ကြားရေးပစ္စည်းများကို နိုင်ငံတကာအဆင့်မီနိုင်တဲ့ ပစ္စည်းမျိုး ဖြည့်ဆည်းပေးဖို့ လိုတယ်။
အရေးတကြီးလိုတာကတော့သင်ကြားရေး သင်္ဘောပေါ့။ ကောလိပ်ရှိတယ်။ တက္ကသိုလ်ရှိတယ်။
ဒီနှစ် ကျောင်းသား/သူများကို လေ့ကျင့်ပေးဖို့ သင်္ဘောပေါ့။ လေ့ကျင့်ရေးရေယာဉ်မရှိတော့ ကိုယ့်ကျောင်းသားများကို ကောင်းကောင်းသင်္ဘောပေါ်မှာ မလေ့ကျင့်ပေးရဘူး ဟု ပြောသည်။
သင်္ဘောမရှိသည့်အတွက် ကျောင်းပိတ်ပြီးမှ ကြယ်ငါးပွင်းသင်္ဘောလိုင်းမှ သင်္ဘောတစ်စင်းကို နှစ်စဉ်ငှားရမ်းကာ နှစ်ပတ်သုံးပတ်ခန့်သာ ခရီးထွက်လေ့ကျင့်ရသည်။
ကိုယ်ပိုင်သင်္ဘောရှိပါက သင်ကြားရေးတွင် ယခုထက် ပိုမိုရောက်မည် ဖြစ်သည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သည် ပြီးခဲ့သည့်နှစ်မှစ၍ ငါးနှစ်ဖြင့်ဘွဲ့ရရှိပြီး ယခုနှစ်တွင် ရေကြောင်းပညာတက္ကသိုလ်တွင် ၀င်ခွင့်ဦးရေ ၃၂၀ လက်မည်ဖြစ်ကာ ၂၀ ရာခိုင်နှုန်းသည် အမျိုးသမီးများ လက်ခံမည်ဖြစ်သည်။
ဝင်ခွင့်အမှတ်အနေဖြင့် ၄၇၀ အထက်သတ်မှတ်ထားပြီး ဇူလိုင်လလယ်ခန့်တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်မှ တိုက်ရိုက်ခေါ်ယူမည်ဖြစ်ရာ စိတ်ဝင်စားသူများ လျှောက်ထားနိုင်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: democracy