၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်မည့် မြန်မာ့သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်းရမှတ် စုစုပေါင်း ၄၅၀ နှင့် အထက် ရရှိသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။
ထိုတက္ကသိုလ်သို့ လျှောက်ထားမည့်သူများသည် ၀င်ခွင့်စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်တန်း ရမှတ်နှင့် ၀င်ခွင့်စာမေးပွဲရမှတ်တို့အပေါ် မူတည်ပြီး ရွေးချယ်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ သိရသည်။
ဒီတက္ကသိုလ်က နှစ်နိုင်ငံပူးပေါင်းဖွင့်ထားတဲ့ တက္ကသိုလ်တစ်ခုပါ။ အိန္ဒိယနိုင်ငံက နည်းပညာပိုင်းဆိုင်ရာကို ကူညီပံ့ပိုးထားပါတယ်။ ၀င်ခွင့်ကို သြဂုတ်လလောက်မှာ ခေါ်မှာ ဖြစ်ပါတယ်။
ဝင်ခွင့်စာမေးပွဲကို တက္ကသိုလ်ဝင်တန်းတွင် သင်ကြားခဲ့ရသည့် အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း၊ မေးခွန်းများကို တက္ကသိုလ်ဝင်တန်းအဆင့် သင်ရိုးညွှန်းတမ်းများအတိုင်းသာ ဖြေဆိုရမည်ဖြစ်ပြီး အဆိုပါ ဘာသာရပ်များ၏ ဥာဏ်စမ်းမေးခွန်းများကို ဖြေဆိုရမည်ဖြစ်သည်။
မေးခွန်းပုံစံနမူနာများကို မြန်မာ့သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်၏ ၀က်ဆိုက်ဖြစ်သော www.miit.edu.mm တွင် ဖော်ပြထားပါသည်။
မြန်မာ့သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်၏ သင်တန်းကာလမှာ ငါးနှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Bachelor of Engineering (Honors) in Computer Science & Engineering နှင့် Engineering (Honors) in Electronic & Communications Engineering ဘွဲ့များ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today