တက္ကသိုလ်ဝင်ခွင့် တိုက်ရိုက်လျှောက်ထားနိုင်မည့် တက္ကသိုလ် ၁၁ ခုတွင် ယင်းတက္ကသိုလ်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။
သို့သော် လူတွေ့စစ်ဆေးမှု ပြုလုပ်မည်မဟုတ်ဘဲ တက္ကသိုလ်ဝင်စာမေးပွဲ ဆယ်တန်းရမှတ်ဖြင့်သာ ရွေးမည်ဖြစ်သည်။
“အင်တာဗျူးမေးမယ်ဆိုရင် လူတွေထင်နေကြသလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးလို့ အင်တာဗျူးရော ရေးဖြေရော မလုပ်တော့ဘူးပေါ့နော်”
တက္ကသိုလ်ဝင်ခွင့်ကို ယခင်နှစ်ကဲ့သို့ ဆယ်တန်းစာမေးပွဲရမှတ် ၄၅၀ နှင့်အထက် ရရှိသူများ တိုက်ရိုက်လျှောက်ထားနိုင်မည်။
လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများအနက်မှ အမှတ်အများဆုံး ၂၀၀ ဦးကို ရွေးချယ်ကာ တက်ခွင့်ပြုမည် ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့်ရသူများစာရင်း ထုတ်ပြန်ပေးမည်ဖြစ်ပြီး အရန်ဝင်ခွင့်ရသူများစာရင်းကိုလည်း တစ်ခါတည်း ထုတ်ပြန်မည်။
ဝင်ခွင့်ရသူများအနေနှင့် သီတင်းတစ်ပတ်အတွင်း ကျောင်းမအပ်လျှင် အရန်ဝင်ခွင့်ရသူများကို အစားထိုးတက်ခွင့်ပြုမည်။
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ယခင်နှစ်များက တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများကို လက်ခံမည်မဟုတ်ဘဲ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများကိုသာ လျှောက်လွှာလက်ခံမည်ဖြစ်သည်။
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားလိုသူများအနေနှင့် လျှောက်လွှာများကို တက္ကသိုလ်ဝက်ဘ်ဆိုက် www.uit.edu.com နှင့် ပညာရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက် www.myanmar-education.edu.mm တို့မှ ရယူလျှောက်ထားနိုင်မည်ဖြစ်သည်။
ယခုနှစ်တက္ကသိုလ်တက်ခွင့်ရပြီး ကျောင်းအပ်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများကို အခြားတက္ကသိုလ်များသို့ ပြောင်းရွှေ့တက်ရောက်ခွင့်ပြုမည် မဟုတ်ကြောင်း ပြောကြားသည်။
ထိုတက္ကသိုလ်သည် ယခင်က ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ် ဇန်န၀ါရီလဆန်းမှစ၍ လှိုင်တက္ကသိုလ်နယ်မြေသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
ယင်းတက္ကသိုလ်ကို ၂၀၁၂ ခုနှစ်အထိ ကွန်ပျူတာတက္ကသိုလ် (ဗဟန်းနယ်မြေ) အမည်ဖြင့် ဖွင့်လှစ်ခဲ့သည်။
သို့သော် ၂၀၁၅ ခုနှစ်တွင် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ကာ အမည်ပြောင်းလဲဖွင့်လှစ်ခဲ့သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: thevoice