မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ပညာရေး၏ အရေးပါသော အခန်းကဏ္ဍအကြောင်း ဆွေးနွေးပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပညာရေးကဏ္ဍအကြောင်း များကို သြစတြေးလျ လွှတ်တော် အမတ်များ လေ့လာခွင့် ရရှိခဲ့ သည်။
သြစတြေးလျနိုင်ငံသည် မြန်မာ့ပညာရေးမြှင့်တင်မှု လက်တွဲဆောင်ရွက်ရေးအဖွဲ့ကို အဓိက လှူဒါန်းနေသော နိုင်ငံဖြစ်ပြီး ၂၀၁၃ က စတင်၍ အမေရိကန် ဒေါ် လာ ၂၇ ဒသမ ၅ သန်း ထည့်ဝင် ကာ မြန်မာကလေးငယ်များ ပညာသင်ယူရန် အခွင့်အလမ်း ပိုမိုရရှိရေး ကူညီခဲ့ခြင်းဖြစ်သည်။
သြစတြေးလျ လွှတ်တော်အမတ်များ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ပညာရေးအတွက် လှုပ်ရှား ဆောင်ရွက်နေသူများနှင့် ရန်ကုန်မြို့ရှိ စိမ်းလန်းစိုပြည်ဥယျာဉ်တွင် တွေ့ဆုံပြီး ပညာရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာများ ဆွေးနွေးခဲ့ပါသည်။
တိုင်းရင်းသားပညာရေးကို အသိအမှတ်ပြုရေး၊ ငြိမ်းချမ်းရေး အတွက် ပညာရေးမြှင့်တင်ရာတွင် အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ကလေးများ၏ ပညာသင်ယူရေး အခွင့်အလမ်း အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Source: 7 day daily