ကမ္ဘာပေါ်၌ နိုင်ငံသားများ အင်္ဂလိပ်ဘာသာ တတ်ကျွမ်း မှု အားအနည်းဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ကြောင်း နိုင်ငံတကာပညာရေး သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် EF က ထုတ်ပြန်သော အင်္ဂလိပ်စာတတ်မြောက်မှု ညွှန်းကိန်းတွင် ဖော်ပြထားသည်။
မူရင်း အင်္ဂလိပ်စကားပြော မဟုတ်သည့် ၈၈ နိုင်ငံတွင် နိုင်ငံသားများ အင်္ဂလိပ်စာနှင့် အင်္ဂလိပ်စကား ပျမ်းမျှတတ်မြောက်မှုကို စစ်တမ်းကောက်ယူ စာရင်းပြုစုခဲ့ သည်။ ကမ္ဘာသုံး ဘာသာဗေဒတစ် ခုဖြစ်သည့် အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားနှင့် ပတ်သက်၍ နှံ့စပ်တတ် မြောက်မှုညွှန်းကိန်း၌ မြန်မာသည် ၈၈ နိုင်ငံစာရင်းတွင် အဆင့်(၈၂)၌ ရပ်တည်ခဲ့သည်။
ထို့ကြောင့် နောက်ဆုံးမှ ရေတွက်လျှင် အင်္ဂလိပ်စာမတတ်ဆုံး နောက်ဆုံး ၁၀ နိုင်ငံတွင် ပါဝင်ပြီး အောက်ဆုံးမှ ရေတွက်လျှင် အဆင့်(၇)ဖြစ် သည်။
စစ်တမ်းညွှန်းကိန်းများတွင် ဖော်ပြချက်အရ အင်္ဂလိပ်စာတတ် မြောက်မှု အလွန်နည်းသော နိုင်ငံများစာရင်း၌ မြန်မာ၏ အောက်တွင် ဆော်ဒီအာရေးဗီးယား၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ ဥဇဘက်ကစ္စတန်၊ အီရတ်နှင့် လစ်ဗျားတို့သာ ကျန်တော့သည်။ အာရှနိုင်ငံ ၂၁ ခုစာရင်းကို ကောက်နုတ်ကြည့်ပါက မြန်မာသည် အဆင့် (၁၈)တွင် ရပ်တည်နေ သည်။
မြန်မာထက် အင်္ဂလိပ်လို ပြောသူနည်းသည်ဟု ထင်ထား သော ထိုင်းနိုင်ငံက အဆင့် (၆၄)တွင် ရပ်တည်ကာ မြန်မာထက် (၁၈)ဆင့် ပိုများသည်။
EF ၏ အင်္ဂလိပ်စာနှံ့စပ်တတ်မြောက်မှု ညွှန်းကိန်းများတွင် မြန်မာက ရမှတ် ၄,၄၂၃ သတ်မှတ်ခံရသည်။ ထိပ်ဆုံးနေရာ၌ ရှိနေသည့် ဆွီဒင်က ၇,၀၇၂ မှတ်ထိ ရရှိခဲ့ သည်။ အရှေ့တောင်အာရှနိုင်ငံ စင်ကာပူကမူ ဆွီဒင်နှင့် နယ်သာလန်တို့နောက် တတိယချိတ် သည်။
EF သည် ယခုစစ်တမ်း ကောက်ယူရာတွင် နိုင်ငံသားတစ် ဦးချင်းအလိုက် ဝင်ငွေ၊ အင်တာနက်အသုံးပြုနိုင်မှု အခွင့်အလမ်း၊ ပညာရေးအတွက် ငွေကြေးသုံးစွဲမှု၊ အတန်းပညာ သင်ယူတတ်မြောက်မှု၊ ပျမ်းမျှလူဦးရေ အစရှိ သည့် အချက်အလက်များကို အဓိကအခြေခံ တွက်ချက်သည် ဟု ထုတ်ပြန်ထားသည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: 7day (Ref: EF)