MAEU သည် engineering တက္ကသိုလ်ဖြစ်သဖြင့် လေယာဉ်မမောင်းရပါ၊။ BE(aerospace) ဘွဲ့ပေးခြင်းဖြစ်သည်။
- (၁၀) တန်းအမှတ် (၄၂၀) ရလျှင် ဝင်ခွင့်လျှောက်နိုင်ပြီး လျှောက်တဲ့သူများ၏ အမှတ်အနည်းအများ နှင့်ခေါ်ယူမည့် ကျောင်းသားအရေအတွက်ကို မူတည်၍ ဝင်ခွင့်ရမှတ်ကို သတ်မှတ်သည်။
- နှစ်စဉ် ဝင်ခွင့်အနိမ့်ဆုံးရမှတ် (၄၄၀)ဝန်းကျင်ဖြင့် ခေါ်ယူလေ့ရှိသည်။
- မိန်းကလေး(၂၀)% နှင့် ယောက်ျားလေး(၈၀)% ခေါ်ယူလေ့ရှိသည်။
- ကျောင်းချိန်မှာ 8:30am မှ 4:30pm အထိဖြစ်သည်။
- ဘွဲ့ကြိုသင်တန်းအတွက်စာသင်နှစ် (၆)နှစ်သင်ကြားရမည်ဖြစ်သည်။
-ကျောင်းဝတ်စုံမှာ ယောက်ျားလေးများအတွက် shirt အင်္ကျီအဖြူ (လက်တို၊လက်ရှည်)၊ ကာကီရောင် စတိုင် ဘောင်းဘီ၊ မိုးပြာရောင် နက်တိုင်နှင့် ရှူးဖိနပ်(အနက်ရောင်) ဖြစ်ပြီး
- မိန်းကလေးများမှာ shirt အင်္ကျီ အဖြူ၊ ၊ စကတ် ကာကီရောင်၊မိုးပြာရောင်နက်တိုင်၊ လေဒီရှူး (အနက်ရောင်) ဖြစ်သည်။
- အဆောင်အနေနဲ့ ကျောင်းသားများသည် ပတ်ဝန်းကျင်ရှိ အပြင် ဆောင်များ တွင်နေရမည်ဖြစ်သည်။
- အဆောင်၏ facilities ပေါ်မူတည်၍ အဆောင်ခများမှာ တစ်လ လျှင် တစ်သောင်းခွဲ မှ သုံးသောင်း အထိရှိသည်။
- ကျောင်းသူများအနေဖြင့် အတွင်းဆောင် (အစိုးရအဆောင်) တွင် နေရမည်ဖြစ်သည်။
- စားသောက်ရေးအနေနဲ့ ကျောင်းပတ်ဝန်းကျင်တွင် ဈေးနှုန်း သင့်တင့်သော ထမင်းဆိုင်များစွာရှိသည်။
ပထမနှစ်တွင် သင်ကြားရမည့် ဘာသာရပ်များ
1. Myanmar (Mar 1001)
2. English (E 1001)
3. Engineering Mathematics (Maths 1001)
4. Engineering Chemistry (Ch 1001)
5. Engineering Physics (Ph 1001)
6. Computer Science (CU -1001)
7.Basic Aerospace Engineering (PV 1011)
Major များမှာ
1. Propulsion and flight vehicles (PV) စက်နှင့်ပျံသန်းယာဉ်ဌာန
2. Avionics(AV) လေကြောင်းအီလက်ထရွန်းနစ်ပညာဌာန
3. Electrical Systems and Instrumentation (EI) လေကြောင်းလျှပ်စစ်နှင့်တိုင်းတာရေးပညာဌာန
4. Fuel and Propellant Engineering (FP) လောင်စာနှင့်တွန်းကန်ပစ္စည်းအင်ဂျင်နီယာဌာန
5. Space Systems Engineering (SS) အာကာသစနစ် အင်ဂျင်နီယာဌာန
- ကျောင်းသားများအနေဖြင့် ပထမနှစ်တွင် "ဘာသာရပ် 7 ခု"ကို စုပေါင်းသင်ယူရမည် ဖြစ်ပြီး ဒုတိယနှစ်ရောက်မှသာ မေဂျာ ကို ရွေးချယ်ရပါမည်။
- ရွေးချယ်ရာတွင် ပထမနှစ် ရလဒ် ကိုမူတည်၍ မိမိ ဦးစားပေး လျှောက်သောမေဂျာကို ရွေးချယ်ပေးခြင်းဖြစ်သည်။
*** မေဂျာခွဲခြင်းအတွက် ပထမနှစ်ကုန်တွင် လျှောက်လွှာတင်ရမည်ဖြစ်ပြီး မေဂျာအနိမ့်အမြင့်ဟူ၍မရှိပဲ မိမိစိတ်ဝင်စားမှုပေါ်တွင်သာ မူတည်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: MAEU