တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ နိုင်ငံတကာအဆင့်မီ မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ် တက်မယ်ဆိုရင်

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ နိုင်ငံတကာအဆင့်မီ မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ် တက်မယ်ဆိုရင်

နိုင်ငံတကာ အဆင့်မီတဲ့ တက္ကသိုလ်တစ်ခုဖြစ်တာ၊ တခြားတက္ကသိုလ်တွေလို မြို့ပြင်မှာ မဟုတ်ဘဲ မြို့တွင်းမှာ တည်ရှိတာ၊ အိန္ဒိယနိုင်ငံရဲ့ နည်းပညာအထောက်အပံ့နဲ့ ဖွင့်လှစ်ထားတာ စတဲ့အချက်တွေ ကြောင့်ပါ။

မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ဟာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့ နယ်၊ ၇၃ လမ်းနဲ့ ငုရွှေဝါလမ်း (မင်္ဂလာမန္တလေးအနီး) မှာ တည်ရှိပါ တယ်။

မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံအကြား သိပ္ပံနဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး တည်ထောင်ထားတာပါ။ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ဖွင့်လှစ်ပါတယ်။

READ - ထိုင်းနိုင်ငံရှိ Rangsit University International Program တွင် မြန်မာကျောင်းသားများ ပညာသင်ဆု လျှောက်ထားနိုင်

ပညာရေးဝန်ကြီးဌာနနဲ့ အိန္ဒိယနိုင်ငံ International Institute of Information Technlogy, Bangalore ပူးပေါင်း ဆောင်ရွက်တဲ့ National Center of Excellence လည်း ဖြစ်ပါတယ်။

ထိုတက္ကသိုလ်မှာ မေဂျာနှစ်ခုရှိပါတယ်။ ကွန်ပျူတာပရို ဂရမ်အင်ဂျင်နီယာ (Computer Science and Engineering) နဲ့ အီလက်ထရွန်းနစ်ဆက်သွယ်ရေး အင်ဂျင်နီယာ (Electronics and Communications Engineering) ပါ။

ငါးနှစ်ပညာသင်ယူပြီးရင် Bachelor of Engineering (Honors) ဘွဲ့ရရှိမှာ ဖြစ်ပါတယ်။

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ကို လျှောက်ထားဖို့ ပုံ မှန်ဆိုရင် စက်တင်ဘာလမှာ သတင်းစာက ကြေညာတယ်၊ အောက်တိုဘာလဆန်းပိုင်းမှာ လျှောက်လွှာပေးတယ်၊ အဲဒီလမှာ ပဲ ပြန်လက်ခံမှာ ဖြစ်ပါတယ်။

မေဂျာတစ်ခုကို လူဦးရေ ၆၀၊ နှစ်ခုအတွက် လူဦးရေ ၁၂၀ ခေါ် ယူမှာပါ။ လက်ရှိမှာတော့ ပထမနှစ်နဲ့ ဒုတိယနှစ် ကျောင်းသားဦးရေ ၂၃၄ ဦး တက်ရောက်ပညာသင်ယူနေပါတယ်။

၎င်းက္ကသိုလ်ကို တက်ရောက်ဖို့ ဝင်ခွင့်စာမေးပွဲဖြေဆိုရ မှာပါ။ အခုနှစ်အတွက် ဝင်ခွင့်စာမေးပွဲကို နိုဝင်ဘာလ ဒုတိယပတ် မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဝင်ခွင့်စာမေးပွဲမှာ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒတွေနဲ့ ပတ်သက်တဲ့ မေးခွန်းပေါင်း ၁၀ဝ ကို နှစ်နာရီ အတွင်း ဖြေဆိုရမှာပါ။

မေးခွန်းနမူနာပုံစံတွေကို www.mit.edu.mm မှာ လေ့လာ နိုင်ပါတယ်။

တက္ကသိုလ်ဝင်တန်းရမှတ် ၄၀ ရာခိုင်နှုန်း၊ ဝင်ခွင့်စာမေးပွဲရမှတ် ၆၀ ရာခိုင်နှုန်းကို အခြေခံပြီး ရွေးချယ်မှာဖြစ်ပါတယ်။

ထိုတက္ကသိုလ်မှာ အိန္ဒိယ ပညာရှင် ၁၀ ဦးက ဦးဆောင်သင်ကြားပါတယ်။ တက်ခွင့်ရတဲ့ ကျောင်းသူကျောင်းသားတွေကို လက်ပ်တော့တစ်လုံးစီ ထောက်ပံ့ပေးမှာပါ။ ကျောင်းလခအတွက် တစ်လကို ကျပ် ၅၀ဝ၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။

စာသင်နှစ် တစ်နှစ်မှာ semester နှစ်ခု၊ special term တစ်ခုရှိပါတယ်။ စာမေးပွဲစစ်ဆေးရာမှာလည်း စာရွက်နဲ့မဟုတ်ဘဲ ကွန်ပျူတာနဲ့ ဖြေဆိုရမှာပါ။

မြန်မာသတင်းအချက်အလက်နည်းပညာ တက္ကသိုလ်ကနေ ပညာသင်ယူပြီးမြောက်ရင် အသက်မွေးဝမ်း ကျောင်း အတွက် သည်ပညာတွေနဲ့ လုပ်ဆောင်နိုင်သလို ကျောင်းသူကျောင်းသားတွေကိုလည်း extreme communication ဖြစ်အောင် သင်ကြား ပို့ချပေးတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 3860 times