မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ သင်တန်းလျှောက်လွှာများ ခေါ်ယူခြင်း

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ သင်တန်းလျှောက်လွှာများ ခေါ်ယူခြင်း

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှ သင်တန်းများ ခေါ်ယူနေခြင်း ဖြစ်ပါသည်။

၁။ သင်တန်းအမည် - Diploma in English Course No. 56 (Basic Level)

ပညာအရည်အချင်း - တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူ ဖြစ်ရမည်။

၂၄.၂.၂၀၁၉ ရက် (တနင်္ဂနွေနေ့) နံနက် ၉:၀၀ မှ ၁၁:၀၀ နာရီထိ ဝင်ခွင့်ဖြေဆိုရမည်။

သင်တန်းစတင်မည့်နေ့ (၁.၄.၂၀၁၉) တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး ညနေ ၅:၀၀ မှ ၇:၀၀ နာရီ ထိ

သင်တန်းကြေး - ၃ လအတွက် (၃၀၀၀၀/-) (ကျပ်သုံးသောင်းတိတိ)(တစ်ကြိမ်တည်းပေးသွင်းရပါမည်)

၂။ သင်တန်းအမည် - Postgraduate Diploma in English Course No. 52 (Basic Level)

ပညာအရည်အချင်း - တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ဒီဂရီရပြီးသူ ဖြစ်ရမည်။

၂၄.၂.၂၀၁၉ ရက် (တနင်္ဂနွေနေ့)မွန်းလွဲ ၁:၀၀ မှ ၃:၀၀ နာရီထိ ဝင်ခွင့်ဖြေဆိုရမည်။

သင်တန်းစတင်မည့်နေ့ - (၃.၄.၂၀၁၉) ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ ညနေ ၅:၀၀ မှ ၇:၀၀နာရီထိ

သင်တန်းကြေး - ၃ လအတွက် (၃၀၀၀၀/-)(ကျပ်သုံးသောင်းတိတိ)(တစ်ကြိမ်တည်းပေးသွင်းရပါမည်)

၃။ သင်တန်းအမည် - ကွန်ပျူတာသင်တန်းအခြေခံအမှတ်စဉ်(၁၀၁)

ပညာအရည်အချင်း - အခြေခံပညာအလယ်တန်းအဆင့်

သင်တန်းစတင်မည့်နေ့ - (၃၀.၃.၂၀၁၉) စနေ၊တနင်္ဂနွေ နံနက် ၈:၃၀ မှ ၁၁:၃၀ နာရီအထိ၊ မွန်းလွဲ ၁:၀၀ မှ ၄:၀၀ နာရီ ထိ

သင်တန်းကြေး - ၃ လအတွက် (၃၀၀၀၀/-) (ကျပ်သုံးသောင်းတိတိ)(တစ်ကြိမ်တည်းပေးသွင်းရပါမည်)

၎။ သင်တန်းအမည် - ကွန်ပျူတာသင်တန်းအခြေခံအမှတ်စဉ်(၁၀၂)

ပညာအရည်အချင်း - အခြေခံပညာအလယ်တန်းအဆင့်

သင်တန်းစတင်မည့်နေ့ -  (၁.၄.၂၀၁၉) (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅:၀၀ မှ ၇:၀၀နာရီထိ)

သင်တန်းကြေး - ၃ လအတွက် (၃၀၀၀၀/-) (ကျပ်သုံးသောင်းတိတိ)(တစ်ကြိမ်တည်းပေးသွင်းရပါမည်)

၅။ သင်တန်းအမည် - ကွန်ပျူတာသင်တန်းအဆင့်မြင့်အမှတ်စဉ်(၉၀)

ပညာအရည်အချင်း - ကွန်ပျူတာအခြေခံသင်တန်းဆင်းအောင်လက်မှတ်ရရှိပြီးသူ

သင်တန်းစတင်မည့်နေ့ (၃၀.၃.၂၀၁၉) စနေ၊ တနင်္ဂနွေ နံနက် ၈:၃၀ မှ ၁၁:၃၀ နာရီအထိ၊ မွန်းလွဲ ၁:၀၀ မှ ၄:၀၀ နာရီ ထိ

သင်တန်းကြေး - ၃ လအတွက် (၃၀၀၀၀/-) (ကျပ်သုံးသောင်းတိတိ)(တစ်ကြိမ်တည်းပေးသွင်းရပါမည်)

၆။ သင်တန်းအမည် - English Language Proficiency Course No.39

ပညာအရည်အချင်း - တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီးသူ ဖြစ်ရမည်။

သင်တန်းစတင်မည့်နေ့ - (၁.၄.၂၀၁၉) တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး ညနေ ၅:၀၀မှ ၇:၀၀နာရီ ထိ

သင်တန်းကြေး - ၃ လအတွက် (၃၀၀၀၀/-) (ကျပ်သုံးသောင်းတိတိ)(တစ်ကြိမ်တည်းပေးသွင်းရပါမည်)

၇။ သင်တန်းအမည် - တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယားနှင့် ရုရှားဘာသာစကား ကျွမ်းကျင်မှုသင်တန်း Basic Level-I (Term I+ Term -II) No.52

ပညာအရည်အချင်း - တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီးသူ ဖြစ်ရမည်။

သင်တန်းစတင်မည့်နေ့ - (၁.၄.၂၀၁၉) တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး ညနေ ၅:၀၀ မှ ၇:၀၀နာရီ ထိ

သင်တန်းကြေး - ၆ လအတွက် (၆၀၀၀၀/-(ကျပ်ခြောက်သောင်းတိတိ)) (တစ်ကြိမ်တည်းပေးသွင်းရပါမည်)

အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းများ၊ English Language Proficiency Couse ဘာသာစကား သင်တန်းများ နှင့် ကွန်ပျူတာအခြေခံ သင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများကို  (၆.၂.၂၀၁၉)မှ (၁၅.၂.၂၀၁၉) အထိလည်းကောင်း ကွန်ပျူတာ အဆင့်မြင့်သင်တန်းများအတွက် ဝင်ခွင့်လျှောက်လွှာများကို  (၆.၂.၂၀၁၉)မှ (၁၅.၃.၂၀၁၉) အထိလည်းကောင်း ရုံးချိန်အတွင်း လာရောက် လျှောက်ထား ရမည် ဖြစ်သည်။

(ပညာအရည်အချင်း အတွက် အောင်လက်မှတ် (သို့) ဘွဲ့ရ လက်မှတ်မိတ္တူကို မူရင်းနှင့်အတူ ပူးတွဲတင်ပြရမည်ဖြစ်ပြီး ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံ(၄)ပုံ ယူဆောင်လာရမည်ဖြစ်သည်။)

တီရှပ် (သို့) စပို့ရှပ်ဖြင့် ရိုက်ကူးထားသော ဓာတ်ပုံများကို လုံးဝ(လုံးဝ) လက်ခံမည် မဟုတ်ပါ။

(သင်တန်းအားလုံးအတွက် ဝင်ခွင့်လျှောက်လွှာ နှင့် သင်တန်းသားဦးရေ ကန့်သတ် လက်ခံမည်ဖြစ်ပါသည်)

စုံစမ်းမေးမြန်းရန် - CHIRD ရုံးခန်း ၀၉-၃၃၀၃၉၉၇၇

 

News Read 3429 times