အဆင့်မြင့်ပညာဦးစီးဌာနအဆင့် MPT-University Football Tournament 2018 တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲကို မြန်မာနေရှင်နယ်ဂိလ် MPTတက္ကသိုလ်များ ဘောလုံးဆပ် ကော်မတီတို့ပူးပေါင်း၍ သြဂုတ် ၂၀ ရက်မှ ၂၇ ရက်ထိ ယူနီယူစတီကွင်း၊ ပဒုမ္မာကွင်း၊ M3 ကွင်း (ဗဟန်းကွင်း) တို့တွင် ကျင်းပသွားမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အောက်မြန်မာပြည်မှ အကောင်းဆုံးကျောင်းသား/သူများပါဝင်သော အသင်း၂သင်းနှင့် အထက်မြန်မာပြည်မှ အကောင်းဆုံးကျောင်းသား/သူများပါဝင်သော အသင်း၂သင်း စီစုစုပေါင်း အမျိုးသားလေးသင်း၊ အမျိုးသမီးလေးသင်း ပတ်လည်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အဆင့်မြင့်ပညာဦးစီးဌာနအဆင့် ဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းကောင်းပြနိုင်သည့် ကစားသမားများကို ဒီဇင်ဘာလတွင် ကျင်းပမည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင် ပြိုင်မည့် မြန်မာ့လက်ရွေးစင် တက္ကသိုလ်အသင်းတွင် ထပ်မံရွေးချယ်ပေးသွားမည်။
MPT-University Football Tournament 2018 တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ပထမရရှိသော အမျိုးသား/ အမျိုးသမီးအသင်းကို ငွေကျပ် သိန်း ၂၀၊ ဒုတိယရရှိသော အသင်းများကို ငွေကျပ် ၁၀ သိန်းချီးမြှင့်မည် ဖြစ်သည်။
ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံးဆုနှင့် အကောင်းဆုံးကစားသမားဆုများကိုလည်း ချီးမြှင့်သွားမည် ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: democracy