ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်း လျှောက်လွှာခေါ်ယူ

ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့သင်တန်း လျှောက်လွှာခေါ်ယူ

မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်မည့် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ (MPA) သင်တန်းအတွက် လျှောက်လွှာခေါ်ယူနေပါသည်။

၁။ ၂၀၁၉-၂ဝ၂ဝ ပညာသင်နှစ် မန္တလေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ (MPA) အမှတ်စဉ် (၅)သင်တန်းသို့ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။

၂။ အဆိုပါ မဟာဘွဲ့ သင်တန်းအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

(က) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရမည်။

(ခ) တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူမဖြစ်စေရ။

(ဂ) သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်တက်ရောက် နိုင်သူဖြစ်ရမည်။

(ဃ) ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာ ဌာန၏ အချိန်ပြည့်သင်တန်း တက်ရောက်ရန် ခွင့်ပြုချက် တင်ပြနိုင်သူဖြစ်ရမည်။

၃။ သင်တန်းတက်ရောက်လိုသူများသည် ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေ စာမေးပွဲဖြေဆိုရပါမည်။ ရေးဖြေစာမေးပွဲများတွင် အဆင့်မီ သူများအား လူတွေ့စစ်ဆေးရွေးချယ်၍ သင်တန်းသားဦးရေ ကန့်သတ်လက်ခံပါမည်။

၎။ သင်တန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို မန္တလေးတက္ကသိုလ်၊ စီးပွားရေး ပညာ ဌာနတွင်၂၅-၃-၂၀၁၉ ရက်မှစ၍ ရယူနိုင်ပါသည်။

၅။ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမဟာဘွဲ့ (MPA) သင်တန်း ဝင်ခွင့် ရေးဖြေစာမေးပွဲအတွက် လျှောက်လွှာများကို ၃ဝ-၄-၂၀၁၉ရက် နောက်ဆုံးထား၍ မန္တလေးတက္ကသိုလ်၊ စီးပွားရေးပညာဌာနတွင် လာရောက်တင်သွင်းရပါမည်။

၆။ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ (MPA)သင်တန်း ဝင်ခွင့် ရေးဖြေစာမေးပွဲကို ၁၂-၅-၂၀၁၉ ရက်တွင် မိတ္ထီလာစီးပွားရေး တက္ကသိုလ်၌ ကျင်းပပါမည်။

၇။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ (MPA)သင်တန်းတက်ရောက်မှု အချိန်စာရင်းမှာ အပတ်စဉ် (စနေ၊ တနင်္ဂနွေ)ဖြစ်ပါသည်။

၈။ သင်တန်းနှင့်ပတ်သက်၍ အောက်ပါဌာနများတွင် ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။

(က) ဌာနမှူး၊ သင်တန်းရေးရာဌာန၊

ဖုန်း-ဝ၉-၄၀၂၆၆၂၃၁၃၊ ၀၉- ၇၈၉ဝ၁၁၆၆၆၊

မိတ္ထီလာစီးပွားရေးတက္ကသိုလ်

(ခ) ဌာနမှူး၊ စီးပွားရေးပညာဌာန၊

ဖုန်း-၀၉-၅၁၄၈၇၆၉

(ဂ) လ/ထမော်ကွန်းထိန်း၊ ကျောင်းသားရေးရာဌာန၊

ဖုန်း-ဝ၉-၄၃၁၂၄၁၈ဝ၊ ဝ၉-၄၄၀၈၉၄၅၁၄

News Read 2169 times