သင်တန်းသို့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူများ လျှောက်ထားနိုင်မည်ဖြစ်ပြီး ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲများ ဖြေဆိုရမည်ဖြစ်သည်။
ရေးဖြေစာမေးပွဲတွင် အဆင့်မီသူများအား လူတွေ့စစ်ဆေးရွေးချယ်၍ သင်တန်းသားဦးရေ ကန့်သတ်လက်ခံ မည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
သင်တန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ဇွန်လ ၁၀ ရက်တွင် မန္တလေးတက္ကသိုလ်၊ စီးပွားရေး ပညာဌာနတွင် ၀ယ်ယူနိုင်မည်ဖြစ်သည်။
သင်တန်းဝင်ခွင့်ရေးဖြေ စာမေးပွဲအတွက် လျှောက်လွှာများကို ဇူလိုင်လ ၁၀ ရက်နောက်ဆုံး ထားကာ မန္တလေးတက္ကသိုလ်၊ စီးပွားရေးပညာဌာနတွင် တင်သွင်းရမည်ဖြစ်သည်။
ရေးဖြေစာမေးပွဲကို ဇူလိုင်လ ၁၅ ရက်နေ့တွင် မန္တလေးတက္ကသိုလ်၌ ကျင်းပမည်ဖြစ်သည်။
အသေးစိတ် အချက်အလက်များကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ ဌာနမှူး၊ သင်တန်းရေးရာဌာန၊ ဖုန်း-၀၉-၄၀၂၆၆၂၃၁၃ နှင့်မန္တလေး တက္ကသိုလ်ဌာနမှူး၊ စီးပွားရေးပညာဌာန၊ ဖုန်း-၀၉-၃၃၃၀၃၀၈၇ သို့ ဆက်သွယ် မေးမြန်းနိုင်မည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: internet journal