အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုမှ အခြားအသက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုသို့ ပြောင်းရွှေ့လျှောက်ထာ

**Zawgyi**



Read More:>>> ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (၁၂/၂၀၁၉) သင်တန်းသို့ တက်ရောက်ကြမည့်ကျောင်းသား/သူများအတွက်

(www.edge.com.mm)
(PTZS)

**Unicode**

 မိမိမူလ သင်ကြားခွင့်ရပြီးသော အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တစ်ခုခုမှ အခြားအသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခုခုသို့ သာမန်အားဖြင့် ပြောင်းရွှေ့သင်ကြားခွင့်ပြုမည်မဟုတ်ပါ။ ပြောင်းရွှေ့လိုသည့်တက္ကသိုလ်နှင့် ဘာသာရပ်ဝင်ခွင့်ပြု အနိမ့်ဆုံးအမှတ်မီပါက လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူသည် မိမိဝင်ခွင့်ရရှိသည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မှ တစ်ဆင့် ပြောင်းရွှေ့လိုသည့် တက္ကသိုလ်သို့ ကျောင်းပြောင်းလျှောက်ခြင်းနှင့် ကျောင်းအပ်နှံခြင်းကို (၁၃-၁၂-၂၀၁၉) ရက်နေ့နောက်ဆုံးထားဆောင်ရွက်ရမည်။
- ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ တက္ကသိုလ်ပြောင်းရွှေ့ခွင့်အတွက် ဘာသာရပ်အလိုက် ဝင်ခွင့်ပြုအနိမ့်ဆုံးအမှတ် မီပါက မိမိဝင်ခွင့်ရရှိသည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်မှ တစ်ဆင့်အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်ရုံးခွဲသို့ လျှောက်ထားရန်ဖြစ်ပြီး လက်ခံသင်ကြားပေးနိုင်သည့် သတ်မှတ်ဦးရေ မပြည့်မှသာ စဉ်းစားပေးမည်ဖြစ်သည်။ တက္ကသိုလ်ပြောင်းရွှေ့ခွင့်တင်၍ နောက်ဆက်တွဲ ဝင်ခွင့်ပြုမည့် ကျောင်းသား/သူများသည် တက္ကသိုလ်ခွဲဝေ နေရာချထားရေးအဖွဲ့မှ သတ်မှတ်ပေးသည့် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင်သာ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ရမည်။ တက္ကသိုလ်ပြောင်းရွှေ့တက်ရောက်ခွင့်ကို လုံးဝ(လုံးဝ) ခွင့်ပြုမည်မဟုတ်ပါ။ ကျောင်းပြောင်းလျှောက်ထားခြင်းနှင့် ကျောင်းအပ်နှံခြင်းကို (၂၉-၁၁-၂၀၁၉) ရက်နေ့နောက်ဆုံးထားဆောင်ရွက်မည်။

Read More:>>> ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (၁၂/၂၀၁၉) သင်တန်းသို့ တက်ရောက်ကြမည့်ကျောင်းသား/သူများအတွက်

(တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်)
(www.edge.com.mm)
(PTZS)

Latest Post News Tips Read 601 times