ဂျပန်နိုင်ငံမှ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုအတွက် ပညာသင် အထောက်အပံ့ ဆိုင်ရာ စာချွန်လွှာ လက်မှတ် ရေးထိုး

ဂျပန်နိုင်ငံမှ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုအတွက် ပညာသင် အထောက်အပံ့ ဆိုင်ရာ စာချွန်လွှာ လက်မှတ် ရေးထိုး

လက်မှတ်ရေးထိုးလဲလှယ်ခြင်းကို မေ ၉ ရက်ကနေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ သိရသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr Tateshi HIGUCHI နှင့်စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းတို့သည် ဂျပန်ယန်း ၆၁၀ သန်း တန်ဖိုးရှိသည့် လူ့စွမ်းအား အရင်းအဖြစ်ဖွံ့ဖြိုးမှုအတွင် ပညာသင်အထောက်အပံ့ ပေးအပ်သည်စာချွန်လွှာ ကိုလဲလှယ်ခဲ့ကြသည်။

မြန်မာနိုင်ငံ လူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုတိုးတက်စေရန်နှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေးပိုမို တိုးတက် ခိုင်မာလာစေရန် ရည်ရွယ်ပြီး ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။ ထိုအထောက်အပံ့ဖြင့် မြန်မာ အစိုးရ နှင့် ပုဂ္ဂလိက ကဏ္ဍများမှ ခေါင်းဆောင်များ ဂျပန်နိုင်ငံတွင် ပြသနာများ ဖြေရှင်းပြီး မူဒါဒရေးဆွဲရာတွင် လိုအပ်သော ကျွမ်းကျင်မှုနှင့် ဗဟုသုတများလေ့လာ ဆည်းပူးပြီးနောက် မဟာဘွဲ့ (သို့) ဒေါက်တာဘွဲ့များရရှိ စေမည့် အခွင့်အရေးရရှိကြမည် ဖြစ်သည်ဟုသိရသည်။

Source: Internet  

News Read 3177 times