**Unicode**
နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံဝန်ထမ်းများ၊ NGOs အမှုထမ်းများ၊ ပုဂ္ဂလိက ကဏ္ဍဆောင်ရွက်နေကြသူများအားရည်ရွယ်၍ စီးပွားရေးကဏ္ဍအတွက် အထောက်အပံ့ရှိစေမည့် စီးပွားရေးဥပဒေပညာဒီပလိုမာအချိန်ပိုင်းသင်တန်း (DBL) ကိုမုံရွာတက္ကသိုလ် ဥပဒေပညာဌာနတွင် ဖွင့်လှစ်ပါမည်။
ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနအကြီးအကဲ၏ သင်တန်းတက်ရောက်ရန် ခွင့်ပြုချက်အထောက်အထားတင်ပြရပါမည်။
** အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူများ တက်ရောက်နိုင်ပါသည်။
** သင်တန်းတက်ရောက်အောင်မြင်လျှင် မုံရွာတက္ကသိုလ်မှ စီးပွားရေးဥပဒေ ပညာဒီပလိုမာဘွဲ့ (DBL) ကိုပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။
Programming (77) Programming နှင့်ပတ်သက်ပြီး သင်တန်း (77) ခုရှာရန်နှိပ်ပါ။
** သင်တန်းကာလမှ (၉) လဖြစ်ပြီး ပညာသင်ကာလတစ်ခုလျှင် (၄) လနှင့် ရက်သတ္တနှစ်ပတ် ခန့်ကြာမြင့်ပါမည်။
** တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်နံနက် (၇) နာရီမှ (၉) နာရီအထိ တက်ရောက်ရပါမည်။
** သင်တန်းကြေးမျာ (၂ သိန်း) ကျပ်တိတိဖြစ်ပါသည်။
Hardware & Networking (170) Hardware & Networking နှင့်ပတ်သက်ပြီး သင်တန်း (170) ခုရှာရန်နှိပ်ပါ။
** လျှောက်လွှာများကို မုံရွာတက္ကသိုလ်၊ ဥပဒေပညာဌာနတွင် (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ)မှ စ၍ လာရောက်ဝယ်ယူနိုင်ပြီး (၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့) နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
** တက်ရောက်ရန် အဆိုပြုဦးရေ (၁၀၀) ဦးထက်ပိုပါက အရည်အချင်းစစ်စာမေးပွဲ ကျင်းပပါမည်။
Credit: Myanmar Educational Information