G-12 မှာ အမှတ် (၃၉၀) ကျော်ရင် လျှောက်လို့ရတဲ့ ဒီပလိုမာသင်တန်းများ

 

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အောက်ဖော်ပြပါ အရာရှိလောင်း ဒီပလိုမာသင်တန်းများကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါသည်။ 

- ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်း (CD/52)
- ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်း (CE/50)
- ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်း (CME/05)

 

သင်တန်းကာလ (၂) နှစ်ဖြစ်ပြီး ပေးအပ်မည့် ဒီပလိုမာဘွဲ့များမှာ ရေကြောင်းပညာဒီပလိုမာ (Diploma in Nautical Studies)၊ ရေကြောင်းနည်းပညာဒီပလိုမာ (Diploma in Maritime Technology)၊ ရေကြောင်းလျှပ်စစ်နည်းပညာဒီပလိုမာ (Diploma in Marine Electrical Technology) တို့ဖြစ်ပါသည်။ 

 

လျှောက်ထားသူသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၂၁) နှစ်အထက် မကျော်လွန်သူဖြစ်ရပါမည်။ ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းနှင့် ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်းများအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး (၄၀၀) ရှိရပါမည်။ 


ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် KG+12 စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များပါဝင်သော (သိပ္ပံ/ဝိပ္ပံ) ဘာသာတွဲဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် အနည်းဆုံး (၃၉၀) ရှိရပါမည်။ 

 

အဆိုပါသင်တန်းများကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှစပြီး ဩဂုတ်လ (၃၀) ရက်နေ့အထိ ကျောင်းတွင် သွားရောက်လျှောက်ထားနိုင်ပါသည်။ လက်ခံမည့်သင်တန်းသားဦးရေမှာ ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းအတွက် (၁၃၀) ဦး၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်း (၁၃၀) ဦးနှင့်  ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် (၄၀) ဦးတို့ အသီးသီးဖြစ်ကြပါသည်။ 

 

အောက်ဖော်ပြပါ သင်တန်းလျှောက်လွှာပုံစံအား Save လုပ်၍သော်လည်းကောင်း၊ MMMC Website (www.mmmc.edu.mm) တွင် Download ရယူ၍သော်လည်းကောင်း Print ထုတ်ယူပြီး လိုအပ်သည့် အချက်အလက်များကို ပြည့်စုံစွာဖြည့်သွင်း၍ လျှောက်ထားနိုင်ပါသည်။ 

 

 

လိုအပ်သည့်စာရွက်စာတမ်းများ

၁။ လိုင်စင်ဓာတ်ပုံ (၂) ပုံ

၂။ အောင်လက်မှတ် မိတ္တူ

၃။ အမှတ်စာရင်း မူရင်း/မိတ္တူ

၄။ ရဲစခန်းထောက်ခံစာ

၅။ ကျောင်းသားနှင့် မိဘများ၏ မှတ်ပုံတင်မိတ္တူ

၆။ အိမ်ထောင်စုစာရင်းမိတ္တူ


နယ်မှ လျှောက်ထားလိုသူများသည် လျှောက်လွှာနှင့်တကွ စာရွက်စာတမ်းများကို (၃၀.၈.၂၀၂၄) ရက်နေ့ထက်နောက်မကျစေဘဲ စာတိုက်(သို့)အမြန်ချောဖြင့် ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်း၊ ဆင်မလိုက်၊ တက္ကသိုလ်စာတိုက်၊ ကမာရွတ်မြို့နယ်၊ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ မော်ကွန်းထိန်းထံသို့လိပ်မူ၍ လျှောက်ထားနိုင်ပါသည်။

 

လျှောက်လွှာများအနက် သင်တန်းဝင်ခွင့်ကို ဘုရင့်နောင်လမ်းမ၊ ကမာရွတ်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တွင် လူတွေ့စစ်ဆေးရွေးချယ်သွားမည်ဖြစ်ပါသည်။ 

 

အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၊ မော်ကွန်းထိန်းရုံး၊ ဖုန်း-၀၉၄၀၃၇၃၇၉၇၀၊ သင်တန်းဌာနဖုန်း-၀၉၉၈၆၃၄၀၅၅၇ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်မေးမြန်းနိုင်သည့်အပြင် Website www.mmmc.edu.mm နှင့် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် - MMMC Facebook Page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

 

Related Article : သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)မှ ဖွင့်လှစ်မည့် Online သင်တန်းများ

>> https://www.edge.com.mm/article/-online-class.html

 

Latest Post Local News University / College Read 1136 times