ပညာရေးဝန်ကြီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နေ့သင်တန်းများ စတင်ဖွင့်လှစ်မည်

ပညာရေးဝန်ကြီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နေ့သင်တန်းများ စတင်ဖွင့်လှစ်မည်




 





Source: မြဝတီ

 

**Unicode**

 

ပညာရေးဝန်ကြီးဌာနရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ပညာရေးတက္ကသိုလ်များ၊ နိုင်ငံခြားဘာသာတက္ကသိုလ်များနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီး၏ အထူးပြုဘာသာရပ်များအတွက် ပထမနှစ်နေ့သင်တန်းများကို (၂-၁၂-၂၀၁၉) ရက်နေ့တွင် စတင်ဖွင့်မည်ဖြစ်ကြောင်းသိရပါသည်။


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ် နေ့သင်တန်းဝင်ခွင့်ရသူများစာရင်းကို (၂၅-၁၀-၂၀၁၉) ရက်နေ့မှစပြီး သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးတွင် ကြေညာထားမည်ဖြစ်ကြောင်းနှင့် ပညာရေးဝန်ကြီးဌာန website http://www.moe.gov.mm, http://www.dhe.gov.mm တွင်လည်း ကြေညာထားမည်ဖြစ်ကြောင်း သိရပါသည်။


College (1) ကောလိပ်နှင့်ပတ်သက်ပြီးရှာရန်နှိပ်ပါ။


ဒုတိယနှစ်နှင့်အထက် သင်တန်းများအားလုံးကိုလည်း (၂-၁၂-၂၀၁၉) ရက်နေ့မှ စ၍ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


Source: မြဝတီ

 

News Read 24890 times