၂. သင်တန်းကာလမှာ (၅) နှစ်ဖြစ်၍ အောက်ဖော်ပြပါ အဓိကဘာသာရပ် (၂) ခုကို သင်ကြားပေးမည်။ B.E (Hons) ဘွဲ့ကို အပ်နှင်းမည်ဖြစ်ပြီး ဘာသာရပ်တစ်ခုလျှင် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ဦးရေ ၆၀ စီ လက်ခံသင်ကြားသွားမည် ဖြစ်သည် -
(က) Computer Science and Engineering (CSE)
(ခ) Electronics and Communications Engineering (ECE)
၃. သင်တန်းတက်ရောက်မည့်သူများသည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည် -
(က) မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခဲ့သည့် စာစစ်ဌာနအားလုံးမှ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောက်ဖော်ပြပါ ဘာသာတွဲများဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်ပါသည် -
(၁) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ
(၂) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ရူပဗေဒ၊ ဓာတုဗေဒ
(၃) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စိတ်ကြိုက်မြန်မာစာ၊ ရူပဗေဒ၊ ဓာတုဗေဒ
(၄) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထ၀ီဝင်၊ ရူပဗေဒ၊ ဓာတုဗေဒ
(၅) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဇီဝဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ
(ခ) နိုင်ငံခြားဧည့်ပါမောက္ခများ ပါဝင်သင်ကြားမည်ဖြစ်သဖြင် လျှောက်ထားသူများသည် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချမှုအား နားလည်နိုင်သော အရည်အချင်းရှိရမည်။
၎. အထက်အပိုဒ် (၃) ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် တိုက်ရိုက်လျှောက်ထားရမည်။
၅. လျှောက်လွှာများကို မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ကျောင်းသားရေးရာဌာနနှင့် www.miit.edu.mm ၌ ၂-၁၀-၂၀၁၇ ရက်တွင် စတင်ထုတ်ယူနိုင်ပြီး အစိုးရရုံးဖွင့်ရက်များတွင် လျှောက်ထားရမည် ဖြစ်သည်။
၆. လျှောက်ထားသူများသည် အောက်ဖော်ပြပါ အချက်အလက်များကို လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့မှသာ ၀င်ခွင့်စာမေးပွဲဖြေဆိုရန် လက်ခံစဉ်းစားပေးမည် ဖြစ်သည်။
(က) ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ် (မူရင်း/မိတ္တူ)
(ခ) ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သည့် အမှတ်စာရင်း (မူရင်း/မိတ္တူ)
(ဂ) လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/မိတ္တူ)
(ဃ) (၆) လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ် ဓာတ်ပုံ (၄) ပုံ
(င) သက်ဆိုင်ရာ ရပ်ကွက်နှင့် ရဲစခန်းမှ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာ
(စ) သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာ
၇. သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး လျှောက်လွှာနှင့်အတူ တင်ပြရမည့် အချက်အလက်ပြည့်စုံသည့် လျှောက်လွှာများသည် ၈-၁၁-၂၀၁၇ ရက်တွင် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် စာစစ်ဌာန (သို့မဟုတ်) ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် စာစစ်ဌာန တစ်ခုခု၌ အရည်အချင်းစစ် ၀င်ခွင့် စာမေးပွဲအား ၀င်ရောက်ဖြေဆိုရမည် ဖြစ်ပါသည်။
၈. ကျောင်းဝင်ခွင့်အတွက် ၀င်ခွင့်စာမေးပွဲရမှတ်နှင့် တက္ကသိုလ်ဝင်တန်းရမှတ်ကို ပူးတွဲစဉ်းစားမည်ဖြစ်ပြီး အောင်မြင်သူများကိုသာ လက်ခံသင်ကြားပေးမည်ဖြစ်သည်။
၉. အရည်အချင်းစစ် ၀င်ခွင့်စာမေးပွဲသည် (၂) နာရီမေးခွန်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအဆင့် သင်္ချာ၊ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်ဆိုင်ရာ မေးခွန်းများ ဖြေဆိုရမည် ဖြစ်ပါသည်။ နမူနာ မေးခွန်းပုံစံအား www.miit.edu.mm တွင် လေ့လာနိုင်ပါသည်။
၁၀. ဖြေဆိုရမည့် ခုံအမှတ်များနှင့် စာစစ်ဌာနများကို မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ကြော်ငြာသင်ပုန်းများနှင့် www.miit.edu.mm ၌ ကြော်ငြာ၍ ဖြေဆိုခွင့် ကတ်ပြားထုတ်ပေးမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားမပါရှိပါက စာမေးပွဲဝင်ရောက်ဖြေဆိုခွင့် လုံးဝ (လုံးဝ) ခွင့်ပြုမည် မဟုတ်ပါ။
၁၁. အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း ၀၉ -၇၈၅၅၅၇၇၀၃ နှင့် ၀၉ - ၇၈၅၅၅၇၇၀၉ တို့သို့ လည်းကောင်း တိုက်ရိုက်ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်သည် ၇၃ လမ်းနှင့် ငုရွှေဝါလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့တွင် တည်ရှိပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: Myanmar alinn