မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပထမနှစ်ဘွဲ့ကြိုသင်တန်းများကို လာမည့်ဒီဇင်ဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ Computer Science and Engineering (CSE) ဘာသာရပ်နှင့် Electronics and Communication Engineering (ECE) ဘာသာရပ် နှစ်မျိုးလုံးအတွက် ဘာသာရပ်တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ ၆၀ စီ လက်ခံသင်ကြားပေးသွား မည်ဖြစ်သည်။
လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောက်တိုဘာလ ၂ရက်တွင် ကျောင်းသားရေးရာဌာနနှင့် www.miit.edu.mm တွင် စတင်ထုတ်ယူနိုင်ပြီး အောက်တိုဘာလကုန်တွင် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်သည်။
“ကျောင်းနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံတကာကျောင်းတွေက ဘာသာရပ်ဧည့်ပါမောက္ခတွေပါ လာပြီး ပို့ချဖြစ်တဲ့အတွက် အင်္ဂလိပ်ဘာသာစကား ကောင်းတဲ့သူဆိုရင်တော့ ပိုပြီး အဆင်ပြေပါတယ်” ဟု ပြောကြားသည်။
သတ်မှတ်ချက် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများသည် မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မန္တလေးနှင့် ရန်ကုန်တို့တွင် နိုဝင်ဘာလ ၈ ရက်၌ ၀င်ခွင့်စာမေးပွဲကို ဖြေဆိုရမည် ဖြစ်သည်။
ဝင်ခွင့်စာမေးပွဲတွင် တက္ကသိုလ်ဝင်တန်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်များကို ဖြေရမည်ဖြစ်ပြီး မေးခွန်းနမူနာပုံစံများကို miit website တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ၀င်ခွင့်ကိုလည်း အမှတ်သတ်မှတ်ထားခြင်းမရှိဘဲ မည်သူမဆို လျှောက်ထားနိုင်ကြောင်း၊ ၀င်ခွင့်ကို ကျောင်းသား၊ ကျောင်းသူ လက်ခံနိုင်မှုအပေါ်တွင် ရမှတ်နည်းများ တန်းစီဇယားဖြင့် ၀င်ခွင့်ပေးမည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today