၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မန္တလေးတက္ကသိုလ်တွင်ဖွင့်လှစ်မည့် အောက်ပါမဟာဘွဲ့သင်တန်းသို့ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။
ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့ (MPA) အမှတ်စဉ် (၅) သင်တန်း
၂။ အဆိုပါမဟာဘွဲ့သင်တန်းများအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်။
(က) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူဖြစ်ရပါမည်။
(ခ) တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခုတက်ရောက်နေသူမဖြစ်စေရပါ။
(ဂ) သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ရပါမည်။
(ဃ) ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဌာန၏ အချိန်ပြည့်သင်တန်းတက်ရောက်ရန်ခွင့်ပြုချက် တင်ပြနိုင်သူဖြစ်ရပါမည်။
၃။ သင်တန်းတက်ရောက်လိုသူများသည် ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲဖြေဆိုရပါမည်။ရေးဖြေစာမေးပွဲများတွင် အဆင့်မီသူများအား လူတွေ့စစ်ဆေးရွေးချယ်၍ သင်တန်းသား ဦးရေ ကန့်သတ်လက်ခံမည်ဖြစ်ပါသည်။
၎။ သင်တန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို မန္တလေးတက္ကသိုလ်၊ စီးပွားရေးပညာဌာနတွင် ၂၅-၃-၂၀၁၉ ရက်မှစ၍ ရယူနိုင်ပါသည်။
၅။ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ (MPA) သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲအတွက် လျှောက်လွှာများကို ၃၀-၄-၂၀၁၉ ရက်နောက်ဆုံးထား၍ မန္တလေးတက္ကသိုလ်၊ စီးပွားရေးပညာဌာနတွင် လာရောက်တင်သွင်း ရမည်ဖြစ်ပါသည်။
၆။ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ (MPA) သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို ၁၂-၅-၂၀၁၉ ရက်တွင် မိတ္ထီလာစီးပွားရေး တက္ကသိုလ်တွင် ကျင်းပမည်ဖြစ်ပါသည်။
၇။ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ (MPA) သင်တန်းတက်ရောက်မှုအချိန်စာရင်းမှာ အပတ်စဉ် (စနေ၊တနင်္ဂနွေ) ဖြစ်ပါသည်။
၈။ သင်တန်းနှင့်ပတ်သက်၍ အောက်ပါဌာနများတွင် ရုံးချိန်အတွင်းစုံစမ်းနိုင်ပါသည်။
(က) ဌာနမှူး၊ သင်တန်းရေးရာဌာန၊ ၀၉-၄၀၂၆၆၂၃၁၃၊ ၀၉-၇၈၉၀၁၁၆၆၆၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်။
(ခ) ဌာနမှူး၊ စီးပွားရေးပညာဌာန၊ ၀၉-၄၂၂၂၃၄၈၈၄၊ ၀၉-၈၉၂၄၅၇၁၄၄
(ဂ) လ/ထ မော်ကွန်းထိန်း၊ ကျောင်းသားရေးရာဌာန၊ ၀၉-၄၃၁၂၄၁၈၀၊ ၀၉-၄၄၀၈၉၄၅၁၄
(မိတ္ထီလာစီးပွားရေးတက္ကသိုလ်)
Source: ကြေးမုံသတင်းစာ