နိုင်ငံတကာမှာ ဆေးကျောင်းတက်ဖို့ စိတ်ဝင်စားတယ်ဆို ဒီအချက်တွေကို မဖြစ်မနေသတိထားထည့် သွင်းစဉ်းစားပါ....။
ကိုယ်လျှောက်မယ့် ဆေးတက္ကသိုလ်က ပြီးရင်၊ ဆရာဝန်အဖြစ်လုပ်ကိုင်ဖို့ ဘယ်လောက်အာမခံချက်ရှိတဲ့ ဆေးတက္ကသိုလ်လဲဆိုတာ၊ သိဖို့လိုပါတယ်။ ဆေးတက္ကသိုလ်က MBBS ဘွဲ့ရတိုင်း၊ ဆေးကုလို့မရပါ။ အရည်အချင်း မပြည့်မှီတဲ့ ဆေးတက္ကသိုလ်တွေ တက်မိပါက ငွေကြေးမြောက်များစွာ ဆုံးရှုံးနိုင်ပါတယ်။
အဲဒီဘွဲ့ဟာ မြန်မာနိုင်ငံပြန်လာရင်ရော ဆရာဝန် လက်မှတ်ရပြီး ဆရာဝန်အဖြစ် အသက်မွေးဝမ်းကြောင်းမှု ပြုနိုင်သလား သေသေချာချာ စုံစမ်းပါ။
ဆေးတက္ကသိုလ်တွေမှာ ကိုယ်ပိုင်ဆေးရုံရှိမှု၊ ကျောင်းသားတွေအတွက် လက်တွေ့ခွဲစိတ်တာတွေ၊ Anatomy အတွက် လေ့လာတာတွေ အဆင်ပြေပါတယ်။ တစ်ချို့ ဆေးကျောင်းဖြစ်ရုံသက်သက်ဆို လက်တွေ့ဆင်းခွင့် မရနိုင်ပဲ ဆေးကျောင်းပြီးဖို့ ဆရာဝန်ဖြစ်ဖို့ အခက်အခဲရှိနိုင်ပါတယ်။
မလေးရှား၊ သြစတြေးလျ၊ အမေရိကန် ဆေးကျောင်းများဟာ မြန်မာကျောင်းသားများအတွက် housemanship ခေါ် internship period သူတို့ဆေးရုံးများမှာ လက်တွေ့ ကုသစာသင်ခွင့်အတွက်၊ အာမခံချက်မပေးနိုင်ကြပါ။
ကျောင်းလခ/စာသင်စရိတ် ကြီးမြင့်သောကြောင့် GCE A/ Medical Preparation ကာလမှ ပညာသင်ဆုများရသည့်တိုင်၊ ဆေးတက္ကသိုလ်မှာ ဆက်ပေးလေ့မရှိတဲ့အတွက် ကုန်ကျစရိတ်တွေကို စနစ်တကျတိုင်ပင်တွက်ချက်ပါ။
အရည်အချင်းပြည့်မှီတဲ့ ဆေးတက္ကသိုလ်တွေ တက်ခွင့်ရပြီး၊ ဆရာဝန်အဖြစ် လုပ်ကိုင်နိုင်ဖို့ အင်္ဂလန်မှ တာဝန်ရှိတဲ့ သူတွေကိုယ်တိုင် CROWN Education က ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ ပြုလုပ်မယ့် GLOBAL EDUCATION EXHIBITION 2019 မှာ လာရောက်ရှင်းလင်းပြောကြားမှာဖြစ်လို့ အောက်ပါလင်ခ်မှာ စာရင်းပေးတက်ရောက်ဆွေးနွေးနိုင်ပါတယ်။
source: Crown Education