ဆေးဘက်ဆိုင်ရာတက္ကသိုလ်များအား ဝင်ခွင့်လျှောက်ထားခြင်းပုံစံ

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်တစ်ခုခုကို ပထမဦးစားပေးလျှောက်ထားလိုသူများသည် အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်။ 

 

ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များ နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်သို့ ပထမဦးစားပေးလျှောက်ထားသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို ပညာရေးဝန်ကြီးဌာနအောက်ရှိ လျှောက်လွှာတင်သွင်းရန် သတ်မှတ်ထားသော တက္ကသိုလ် (၂၃) ခုသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

 

လျှောက်ထားနိုင်သည့်တက္ကသိုလ် (၂၃) ခု

>> https://www.edge.com.mm/.../university-admission-2024.html

 

ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ပထမဦးစားပေးလျှောက်ထားသူများအတွက်မူ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို အောက်ဖော်ပြပါ လျှောက်လွှာလက်ခံမည့်နေရာ (၈) ခုအနက် တစ်ခုခုသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

၁။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန(နေပြည်တော်)

၂။ ဆေးတက္ကသိုလ်(၁) ရန်ကုန် 

၃။ ဆေးတက္ကသိုလ်(၂) ရန်ကုန်

၄။ ဆေးတက္ကသိုလ်၊ မန္တလေး

၅။ ဆေးတက္ကသိုလ်၊ မကွေး 

၆။ ဆေးတက္ကသိုလ်၊ တောင်ကြီး

၇။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)

၈။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)

 

ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်ရေးကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ရွေးချယ်မည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ကို သေချာစွာဖတ်ရှုပြီးမှသာ ဝင်ခွင့်လျှောက်ထားရမည်။ 

 

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်မှ စက်တင်ဘာလ (၁၂) ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) လျှောက်ထားနိုင်သည်။ 

 

Source - ကျန်းမာရေးဝန်ကြီးဌာန

------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Local News University / College Read 1099 times