ဆေးဝင်ခွင့်များအား သတ်မှတ်တက္ကသိုလ်/ဌာန (၃၃) ခုတွင်သာ လျှောက်ရမည်

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်တစ်ခုခုသို့ ပထမဦးစားပေးလျှောက်ထားလိုသူများသည် အဆင့်မြင့်ပညာဦးစီးဌာနမှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ဖြင့် လျှောက်ထားရမည်။ 

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့မှ အောက်တိုဘာလ (၁၆) ရက်နေ့အထိ စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များအပါအဝင် (ပိတ်ရက်မရှိ) လျှောက်ထားနိုင်သည်။ 

ဆေးဝါးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊ သူနာပြုတက္ကသိုလ်များနှင့် အခြေခံကျန်းမာရေးတက္ကသိုလ်သို့ ပထမဦးစားပေး လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်ကို အောက်ပါတက္ကသိုလ်များသို့ ပေးပို့လျှောက်ထားရပါမည်။

(၁) မြစ်ကြီးနားတက္ကသိုလ်

(၂) လွိုင်ကော်တက္ကသိုလ်

(၃) ဘားအံတက္ကသိုလ်

(၄) ဟားခါးတက္ကသိုလ်

(၅) မုံရွာတက္ကသိုလ်

(၆) ရွှေဘိုတက္ကသိုလ်

(၇) စစ်ကိုင်းတက္ကသိုလ်

(၈) ထားဝယ်တက္ကသိုလ်

(၉) တောင်ငူတက္ကသိုလ်

(၁၀) ပြည်တက္ကသိုလ်

(၁၁) ပဲခူးတက္ကသိုလ်

(၁၂) မကွေးတက္ကသိုလ်

(၁၃) ပခုက္ကူတက္ကသိုလ်

(၁၄) မန္တလေးအဝေးသင်တက္ကသိုလ်

(၁၅) မိတ္ထီလာတက္ကသိုလ်

(၁၆) ကျောက်ဆည်တက္ကသိုလ်

(၁၇) မော်လမြိုင်တက္ကသိုလ်

(၁၈) စစ်တွေတက္ကသိုလ် 

(၁၉) ရန်ကုန်အဝေးသင်တက္ကသိုလ်

(၂၀) တောင်ကြီးတက္ကသိုလ်

(၂၁) ကျိုင်းတုံတက္ကသိုလ်

(၂၂) လားရှိုးတက္ကသိုလ်

(၂၃) ပုသိမ်တက္ကသိုလ်

(၂၄) ဟင်္သာတတက္ကသိုလ်

(၂၅) မအူပင်တက္ကသိုလ်

ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ပထမဦးစားပေးလျှောက်ထားသူများအတွက်မူ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်ကို အောက်ဖော်ပြပါ လျှောက်လွှာလက်ခံမည့်နေရာ (၈) ခုအနက် တစ်ခုခုသို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

၁။ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန(နေပြည်တော်)

၂။ ဆေးတက္ကသိုလ်(၁) ရန်ကုန် 

၃။ ဆေးတက္ကသိုလ်(၂) ရန်ကုန်

၄။ ဆေးတက္ကသိုလ်၊ မန္တလေး

၅။ ဆေးတက္ကသိုလ်၊ မကွေး 

၆။ ဆေးတက္ကသိုလ်၊ တောင်ကြီး

၇။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)

၈။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)

ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်ရေးကို တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည့်အတိုင်း ရွေးချယ်မည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ကို သေချာစွာဖတ်ရှုပြီးမှသာ ဝင်ခွင့်လျှောက်ထားရပါမည်။ 

Source - ကျန်းမာရေးဝန်ကြီးဌာန

------------------------------------------

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

Latest Post Local News University / College Read 9079 times