(၂၀၁၉) ပညာသင်နှစ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန်တွင်ဖွင့်လှစ်မည့် ဆေးဘက်ဆိုင်ရာ နည်းပညာဒီပလိုမာ ဘွဲ့လွန်သင်တန်းအတွက် လျှောက်လွှာကြေညာခေါ်ယူထားပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနနှင့်ဂျပန်နိုင်ငံ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(Japan International Cooperation Agency-JICA)တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ ရန်ကုန်တွင် ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ (Medical Engineering) ဒီပလိုမာ(၁)နှစ် သင်တန်းကို ဖွင့်လှစ် သင်ကြား မည်ဖြစ်ပါ၍ အောက်ဖော်ပြပါ အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
လိုအပ်သောအရည်အချင်းများ
၁။ လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရပါမည်။
၂။ လျှောက်ထားသူသည် အောက်ပါဘွဲ့ (၁)ခုခုရရှိထားသူဖြစ်ရပါမည် -
(က) နည်းပညာဘွဲ့ (လျှပ်စစ်စွမ်းအား/အီလက်ထရွန်နစ်/ မက္ကာထရောနစ်/စက်မှု)
(ခ) အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအား/ အီလက်ထရွန်နစ်/မက္ကာထရောနစ်/စက်မှု)
(ဂ) မဟာအင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအား/အီလက်ထရွန်နစ်/မက္ကာထရောနစ်/စက်မှု)
(ဃ) ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့(ဓါတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာ/ ဓါတ်ခွဲနည်းပညာ)
(င) သူနာပြုသိပ္ပံဘွဲ့(ပုံမှန်) / (ပေါင်းကူး)
၃။ လျှောက်ထားသူသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လျှောက်လွှာ ပိတ်သည့်နေ့တွင် ခွင့်ရက်မပါ လုပ်သက်(၂)နှစ်ရှိသူဖြစ်ရပါမည်၊ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) ရရှိပြီးနောက် လုပ်သက်(၂)နှစ် ရှိသူဖြစ်ရမည်။
READ - ဆရာအတတ်ပညာဒီပလိုမာ (၁)နှစ် သင်တန်း ၀င်ခွင့်လျှောက်လွှာ ခေါ်ယူခြင်း
၎။ လျှောက်ထားသူသည် လျှောက်လွှာပိတ်သည့်နေ့တွင် အသက်(၄၀)နှစ်အောက်ရှိသူ ဖြစ်ရပါမည်။
၅။ သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်သူ ဖြစ်ရပါမည်။
၁၄။ လျှောက်ထားသူသည် အချက်အလက်အားလုံး ပြည့်စုံစွာ ဖော်ပြပြီးနောက် သင်တန်းလျှောက်ထားခွင့်ကို ရေးသားပြီး ကာယကံရှင်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာ ဦးစီးဌာနသို့ ပေးပို့လျှောက်ထားရမည်။
၁၅။ လျှောက်ထားသူ၏ လျှောက်လွှာပါ အချက်အလက်များ မှန်ကန်ကြောင်းကို သက်ဆိုင်ရာအကြီးအကဲ၏ ထောက်ခံချက်၊ သက်ဆိုင်ရာဦးစီးဌာန၏ ထောက်ခံချက် ပါရှိရမည်။
၁၆။ သက်ဆိုင်ရာဌာနအကြီးအကဲမှတဆင့် လျှောက်ထားခြင်းမရှိသည့် လျှောက်လွှာများကို လုံးဝလက်ခံစဉ်းစားမည်မဟုတ်ပါ။
၁၇။ လျှောက်လွှာပိတ်ရက် - လျှောက်လွှာများကို ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနသို့ လိပ်မူ၍ ၁၂-၄-၂၀၁၉ (သောကြာနေ့) (၁၆း၃၀)နာရီ နောက်ဆုံးထား၍ ဦးစီးဌာနများမှ ပေးပို့ရမည်။
၁၈။ အရည်အချင်းစစ်စာမေးပွဲ
သတ်မှတ်ထားသော အရည်အချင်းနှင့်ပြည့်စုံသူများသည် အရည်အချင်းစစ် နှုတ်ဖြေစာမေးပွဲကို “ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ နေပြည်တော်”တွင် ဖြေဆို ရမည် ဖြစ်ပါသည်။ အရည်အချင်းစစ် နှုတ်ဖြေစာမေးပွဲ ဖြေဆိုရမည့်ရက်ကို ခုံအမှတ်စာရင်း ထုတ်ပြန်သည့်အခါတွင် ကြေညာမည်။
မှတ်ချက်။
- လျှောက်လွှာပိတ်ရက်နောက်ပိုင်းမှ ရောက်ရှိလာသော လျှောက်လွှာများနှင့် ပြည့်စုံခြင်းမရှိသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ၊
- စာမေးပွဲလာရောက်ဖြေဆိုသည့်အခါ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း၊ ဘွဲ့လက်မှတ် မူရင်းများကို တင်ပြရပါမည်၊
- သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရပြီးမှ သင်တန်းမတက်ရောက်လျှင်သော်လည်းကောင်း၊ သင်တန်းကိုပြီးဆုံးအောင် မတက်ရောက်လျှင်သော်လည်းကောင်း၊ ဒီပလိုမာသင်တန်း အတွက် သတ်မှတ်ထားသော လျော်ကြေးငွေ ကျပ်(၁၅)သိန်းတိတိ ပေးလျော်မည်ဖြစ်ကြောင်း နှင့် ဒီပလိုမာဘွဲ့ရရှိပြီးနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ တာဝန်ကျရာ မည်သည့်နေရာ တွင်မဆို အနည်းဆုံး(၂)နှစ် နိုင်ငံ့ဝန်ထမ်း အဖြစ်မပျက်မကွက်တာဝန် ထမ်းဆောင်ရန်နှင့် တာဝန်ထမ်းဆောင်ခြင်းမရှိပါက သင်တန်းလျော်ကြေးငွေကျပ်သိန်း(၅၀) တိတိ ပေးလျော်ရမည့်အပြင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်းကို သိရှိလိုက်နာမည်ဖြစ်ပါကြောင်း ကတိခံဝန်ချက် ရေးထိုး ရမည်။
အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ တယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၀၆၇-၃၄၁၁၂၃၅
READ - UMFCCI Training Institute မှ မေလတွင် ဖွင့်လှစ်မည့် သင်တန်းများ