ဆေးပညာဘွဲ့ရ ဆရာဝန်နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)ဗိုလ်လောင်းများခေါ်ခြင်း

ဆေးပညာဘွဲ့ရ ဆရာဝန်နှင့် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့ရဆရာဝန်(အမျိုးသမီး)ဗိုလ်လောင်းများခေါ်ခြင်း

၁။ လျှောက်ထားသူများသည်

** ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ အမျိုးသမီး(အပျို) ဖြစ်ရပါမည်။

** ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၃၀) နှစ်ထက်မကြီးရ။

** အနည်းဆုံးအရပ် (၅ ပေ၊ ၃ လက်မ) နှင့် ကိုယ်အလေးချိန် ပေါင် (၁၀၀) ထက်မနည်းရ၊ ပေါင် (၁၃၀) ထက်မကျော်ရပါ။

** (M.B.B.S) သို့ (B.D.S) ဘွဲ့ရရှိပြီးသူဖြစ်ရမည်။ ဘွဲ့လက်မှတ်(မူရင်း)အား တင်ပြနိုင်ရမည်။

 

၂။ သက်ဆိုင်ရာတက္ကသိုလ်မှ (Grading Certificate) အမှတ်စာရင်းပါရှိရမည်။

 

Tour Guide (7) ဧည်လမ်းညွှန်သင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

 

၃။ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိရမည်။

 

၎။ လျှောက်လွှာများကို ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးနှင့် မိမိတို့နှင့် နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူနိုင်ပါသည်။

 

၅။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်/မြို့နယ် ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာ (မူရင်း) နှင့်ပတ်စ်ပို့အရွယ်ဓာတ်ပုံ () ပုံပူးတွဲတင်ပြရပါမည်။

 

၆။ တပ်မတော်မှ လေ့ကျင့်သင်ကြားမှုစနစ်အတိုင်း လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရပါမည်။

 

Accountancy (222) စာရင်းကိုင်နှင့်ပက်သက်ပြီး သင်တန်း (၂၂၂) ခု ရှာရန်နှိပ်ပါ။

 

၇။ လျှောက်လွှာနှင့် အတူပါရှိသော ဆေးစစ်ပုံစံဖြင့် မိမိတို့နေထိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ မြို့နယ်ရှိ တပ်မတော်ဆေးရုံ/ ပြည်သူ့ဆေးရုံတွင် ပဏာမ ကျန်းမာရေးစစ်ဆေးအောင်မြင်သူဖြစ်ရမည်။

 

၈။ လျှောက်လွှာကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့မှစ၍ ထုတ်ပေးမည်ဖြစ်ပြီး၊ အောက်တိုဘာလ (၂၅) ရက်နေ့နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူရရှိသော ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး (သို့) သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် စစ်ရာထူးခန့်ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သို့ပေးပို့ကြရမည်။

 

Read More:>>> ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်CHRD (65) ဘာသာစကားအချိန်ပိုင်း သင်တန်းများခေါ်ယူခြင်း

 

၉။ သတ်မှတ်ချက်နှင့်ပြည့်စုံပြီး အရည်အချင်းပြည့်မီသော လျှောက်လွှာရှင်များသာ တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရမည်။ ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တစ်ဆင့် အချိန်မီပေးပို့သွားမည်။

 

၁၀။ သတ်မှတ်ထားသည့် အချက်အလက်များ တိကျပြည့်စုံစွာရေးသားဖော်ပြခြင်းမပြုသော လျှောက်လွှာများ၊မမှန်မကန်ဖြည့်စွက်ရေးသားဖော်ပြသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မိမိတို့လျှောက်လွှာတင်သွင်းသည့်ဌာနတွင် ရွေးချယ်ခြင်းခံရသည်/ မခံရသည်ကို သွားရောက်စုံစမ်းမေးမြန်းနိုင်သည်။

 

Source: ကြေးမုံ

 

News Read 2924 times