"MBA Program (၂၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကြီး"

** Unicode **

MBA Society Member များဖြင့် ဖွဲ့စည်း တည်ထောင် ဆောင်ရွက်လျက်ရှိကြသည့် လူမှုရေး အသင်းအဖွဲ့များမှ ပြခန်းများ ပါဝင်ပြသနိုင်ပါရန် ဖိတ်ခေါ်ခြင်း"

၁။ ရန်ကုန်စီးပွားရေးတက္ကသိုလ် ၊ MBA Society အနေဖြင့် MBA Program စတင်တည်ထောင်သည့် (၂၅) နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားကြီးအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပါရမီလမ်း ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ၊ ပတ္တမြားဆောင်၌ (၂၀၂၀) ခုနှစ် ၊ ဖေဖော်ဝါရီလ (၁) ရက် မှ (၂) ရက် အထိ (စနေ-တနင်္ဂနွေနေ့) များတွင် အောက်ပါ အစီအစဉ်များအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။ 

(က) ဖေဖော်ဝါရီလ (၁) ရက်နေ့ (စနေနေ့) တွင်
- ဖွင့်ပွဲအခမ်းအနား (Opening Ceremony)
- အလှူရှင်များအား ဂုဏ်ပြုလက်မှတ် ပေးအပ်ခြင်း အခမ်းအနား (Contribution Certificate to Donors)
- စာတမ်းဖတ်ပွဲများ (Research Paper Conference)
- ပညာရပ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲများ (Panel Discussion)
- မုန့်ဈေးတန်း ရောင်းချမှုများ (Food Court) စသည့် အစီအစဉ်များပါဝင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး

(ခ) ဖေဖော်ဝါရီလ (၂) ရက်နေ့ (တနင်္ဂနွေနေ့) တွင် 
- ဆရာကန်တော့ပွဲအခမ်းအနား (Paying Homage Ceremony)
-  ညစာစားပွဲအခမ်းအနား (Celebration Dinner Ceremony) များကို ဖျော်ဖြေမှု အစီအစဉ်များ အပါအဝင် ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။  

၂။ MBA Society အနေဖြင့် MBA Program စတင်တည်ထောင်သည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားကြီးဖြစ်သည့် အားလျော်စွာ (၂၅) နှစ်တာကာလအတွင်း MBA Society Member များဖြစ်ကြသည့် MBA ဘွဲ့ရ Alumni များနှင့် MBA သင်တန်းတက်ရောက်ဆဲ ကျောင်းသား/ကျောင်းသူ များမှ ဖွဲ့စည်း တည်ထောင် ဆောင်ရွက် လျက်ရှိကြသော လူမှုရေး အသင်းအဖွဲ့များမှ ပြခန်းများ အသီးသီး ပါဝင်ပြသနိုင်ကြပါရန် ဖိတ်ခေါ်လိုက်ရပါသည်။ 

၃။ အဆိုပါ လူမှုရေး အသင်းအဖွဲ့ ပြခန်းနေရာများ သေသပ်လှပ ညီညာမှု ရှိစေရန် အလို့ငှာ MBA Society Organizing Committee အနေဖြင့် စတုရန်းမီတာ (၃ x ၃) ပတ်လည် အကျယ်အဝန်းရှိ ပြခန်းနေရာများ သတ်မှတ်စီစဉ် ပေးမည်ဖြစ်ပြီး ပြခန်းနေရာ ဌားရမ်းတည်ဆောက်ခြင်း အသုံးစရိတ်အား ပြခန်းရယူပြသမည့် အသင်းအဖွဲ့ထံမှ ကျခံသုံးစွဲရန် ဖြစ်ပါသည်။

၄။ အသင်းအဖွဲ့များအနေဖြင့် အခမ်းအနားကြီး ကျင်းပနေသည့် နှစ်ရက်တာ ကာလအတွင်း သတ်မှတ်ခွင့်ပြုထားသော ပြခန်းနေရာ အသီးသီး၌ မိမိတို့အစီအစဉ်ဖြင့် တင့်တယ်သပ်ရပ်အောင် ပြင်ဆင်ပြသ သွားနိုင်ရန် ခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။ 

၅။ သို့ဖြစ်ရာ MBA Alumni များနှင့် MBA သင်တန်းတက်ရောက်ဆဲ ကျောင်းသား/ ကျောင်းသူ များဖြင့် ဖွဲ့စည်း တည်‌ထောင် ဆောင်ရွက်လျက်ရှိကြသော လူမှုရေး အသင်းအဖွဲ့များအနေဖြင့် MBA Program (၂၅) နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားကြီးတွင် ပြခန်းများ ရယူ ပါဝင် ပြသလိုပါက အောက်ဖော်ပြပါ Organizing Committee Member များထံ ကြိုတင် ဆက်သွယ်နိုင်ပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

အသေးစိတ် အချက်အလက်များ သိရှိနိုင်ပါရန် နှင့် 
ပြခန်းနေရာ ရယူပါဝင်ပြသရန် အလို့ငှာ ဆက်သွယ်ရန် 

MBA Society Organizing Committee -
- ကိုမင်းဦး (EMBA အပတ်စဉ် - ၂) - ၀၉ ၅၀၀ ၇၁၆၆
- ကိုသိန်းဦး (Fulltime MBA အပတ်စဉ် - ၁၆) - ၀၉ ၅၀၁ ၉၁၈၄

(ခင်မင်လေးစားစွာဖြင့်)

MBA Society 
Organizing Committee

Read More:>>>>  ပညာေရးဝန္ထမ္းမ်ား မျဖစ္မေနသိထားသင့္ေသာအခ်က္မ်ား

** Zawgyi **

MBA Society Member မ်ားျဖင့္ ဖြဲ႕စည္း တည္ေထာင္ ေဆာင္႐ြက္လ်က္ရွိၾကသည့္ လူမႈေရး အသင္းအဖြဲ႕မ်ားမွ ျပခန္းမ်ား ပါ၀င္ျပသႏိုင္ပါရန္ ဖိတ္ေခၚျခင္း"

၁။ ရန္ကုန္စီးပြားေရးတကၠသိုလ္ ၊ MBA Society အေနျဖင့္ MBA Program စတင္တည္ေထာင္သည့္ (၂၅) ႏွစ္ျပည့္ ေငြရတု အထိမ္းအမွတ္ အခမ္းအနားႀကီးအား ရန္ကုန္ၿမိဳ႕၊ လႈိင္ၿမိဳ႕နယ္၊ ပါရမီလမ္း ရွိ ရန္ကုန္စီးပြားေရးတကၠသိုလ္ (လႈိင္နယ္ေျမ) ၊ ပတၱျမားေဆာင္၌ (၂၀၂၀) ခုႏွစ္ ၊ ေဖေဖာ္ဝါရီလ (၁) ရက္ မွ (၂) ရက္ အထိ (စေန-တနဂၤေႏြေန႔) မ်ားတြင္ ေအာက္ပါ အစီအစဥ္မ်ားအတိုင္း စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ ျဖစ္ပါသည္။ 

(က) ေဖေဖာ္ဝါရီလ (၁) ရက္ေန႔ (စေနေန႔) တြင္
- ဖြင့္ပြဲအခမ္းအနား (Opening Ceremony)
- အလႉရွင္မ်ားအား ဂုဏ္ျပဳလက္မွတ္ ေပးအပ္ျခင္း အခမ္းအနား (Contribution Certificate to Donors)
- စာတမ္းဖတ္ပြဲမ်ား (Research Paper Conference)
- ပညာရပ္ဆိုင္ရာ စကားဝိုင္းေဆြးေႏြးပြဲမ်ား (Panel Discussion)
- မုန႔္ေစ်းတန္း ေရာင္းခ်မႈမ်ား (Food Court) စသည့္ အစီအစဥ္မ်ားပါ၀င္က်င္းပ ျပဳလုပ္သြားမည္ျဖစ္ၿပီး

(ခ) ေဖေဖာ္ဝါရီလ (၂) ရက္ေန႔ (တနဂၤေႏြေန႔) တြင္ 
- ဆရာကန္ေတာ့ပြဲအခမ္းအနား (Paying Homage Ceremony)
-  ညစာစားပြဲအခမ္းအနား (Celebration Dinner Ceremony) မ်ားကို ေဖ်ာ္ေျဖမႈ အစီအစဥ္မ်ား အပါအဝင္ ခမ္းနားစြာ က်င္းပျပဳလုပ္သြားမည္ ျဖစ္ပါသည္။  

၂။ MBA Society အေနျဖင့္ MBA Program စတင္တည္ေထာင္သည့္ ေငြရတုအထိမ္းအမွတ္ အခမ္းအနားႀကီးျဖစ္သည့္ အားေလ်ာ္စြာ (၂၅) ႏွစ္တာကာလအတြင္း MBA Society Member မ်ားျဖစ္ၾကသည့္ MBA ဘြဲ႕ရ Alumni မ်ားႏွင့္ MBA သင္တန္းတက္ေရာက္ဆဲ ေက်ာင္းသား/ေက်ာင္းသူ မ်ားမွ ဖြဲ႕စည္း တည္ေထာင္ ေဆာင္႐ြက္ လ်က္ရွိၾကေသာ လူမႈေရး အသင္းအဖြဲ႕မ်ားမွ ျပခန္းမ်ား အသီးသီး ပါ၀င္ျပသႏိုင္ၾကပါရန္ ဖိတ္ေခၚလိုက္ရပါသည္။ 

၃။ အဆိုပါ လူမႈေရး အသင္းအဖြဲ႕ ျပခန္းေနရာမ်ား ေသသပ္လွပ ညီညာမႈ ရွိေစရန္ အလို႔ငွာ MBA Society Organizing Committee အေနျဖင့္ စတုရန္းမီတာ (၃ x ၃) ပတ္လည္ အက်ယ္အ၀န္းရွိ ျပခန္းေနရာမ်ား သတ္မွတ္စီစဥ္ ေပးမည္ျဖစ္ၿပီး ျပခန္းေနရာ ဌားရမ္းတည္ေဆာက္ျခင္း အသုံးစရိတ္အား ျပခန္းရယူျပသမည့္ အသင္းအဖြဲ႕ထံမွ က်ခံသုံးစြဲရန္ ျဖစ္ပါသည္။

၄။ အသင္းအဖြဲ႕မ်ားအေနျဖင့္ အခမ္းအနားႀကီး က်င္းပေနသည့္ ႏွစ္ရက္တာ ကာလအတြင္း သတ္မွတ္ခြင့္ျပဳထားေသာ ျပခန္းေနရာ အသီးသီး၌ မိမိတို႔အစီအစဥ္ျဖင့္ တင့္တယ္သပ္ရပ္ေအာင္ ျပင္ဆင္ျပသ သြားႏိုင္ရန္ ခြင့္ျပဳေပးသြားမည္ ျဖစ္ပါသည္။ 

၅။ သို႔ျဖစ္ရာ MBA Alumni မ်ားႏွင့္ MBA သင္တန္းတက္ေရာက္ဆဲ ေက်ာင္းသား/ ေက်ာင္းသူ မ်ားျဖင့္ ဖြဲ႕စည္း တည္‌ေထာင္ ေဆာင္႐ြက္လ်က္ရွိၾကေသာ လူမႈေရး အသင္းအဖြဲ႕မ်ားအေနျဖင့္ MBA Program (၂၅) ႏွစ္ျပည့္ ေငြရတု အထိမ္းအမွတ္ အခမ္းအနားႀကီးတြင္ ျပခန္းမ်ား ရယူ ပါ၀င္ ျပသလိုပါက ေအာက္ေဖာ္ျပပါ Organizing Committee Member မ်ားထံ ႀကိဳတင္ ဆက္သြယ္ႏိုင္ပါရန္ တိုက္တြန္း ႏႈိးေဆာ္အပ္ပါသည္။

အေသးစိတ္ အခ်က္အလက္မ်ား သိရွိႏိုင္ပါရန္ ႏွင့္ 
ျပခန္းေနရာ ရယူပါ၀င္ျပသရန္ အလို႔ငွာ ဆက္သြယ္ရန္ 

MBA Society Organizing Committee -
- ကိုမင္းဦး (EMBA အပတ္စဥ္ - ၂) - ၀၉ ၅၀၀ ၇၁၆၆
- ကိုသိန္းဦး (Fulltime MBA အပတ္စဥ္ - ၁၆) - ၀၉ ၅၀၁ ၉၁၈၄

(ခင္မင္ေလးစားစြာျဖင့္)

MBA Society 
Organizing Committee

Read More:>>>>  ပညာေရးဝန္ထမ္းမ်ား မျဖစ္မေနသိထားသင့္ေသာအခ်က္မ်ား

Latest Post Read 556 times