ဇွန်လမှာ ဖွင့်လှစ်သင် ကြားပေးသွားမယ်လို့ သိရပါတယ်။
သင်တန်းတွေကို အသိအမှတ်ပြုတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရပြီး လုပ်ငန်းအတွေ့အကြုံ (၂) နှစ်ရှိသူတွေ လျှောက်ထားနိုင်ကာ MBA သင်တန်းအတွက် စီးပွားရေးလုပ်ငန်းများမှာ စီမံခန့်ခွဲမှု အဆင့်အလိုက်
လုပ်ကိုင်နေသူတွေနဲ့ MPA သင်တန်းအတွက် ဌာနဆိုင်ရာနှင့် လူမှုစီးပွားရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာအဖွဲ့အစည်းများမှ ၀န်ထမ်းများကို ဦးစားပေးသွားမှာပါ။
သင်တန်းတွေနဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ သတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံတွေကို မုံရွာစီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာနနဲ့ ဘောဂဗေဒဌာနမှာဝယ်ယူနိုင်ပါတယ်။
သင်တန်းလျှောက်လွှာတွေကို ဧပြီလ ၂၃ ရက်မှစတင်ကာ ရယူနိုင်ပြီး မေလ ၁၅ ရက်နောက်ဆုံးထား ပြန်လည်တင်သွင်း ရမှာဖြစ်ပါတယ်။ MBA သင်တန်းအတွက် ၀င်ခွင့်ရေးဖြေစာမေးပွဲကို မေလ ၁၇ ရက်နဲ့
နှုတ်ဖြေစာမေးပွဲကို မေလ ၂၄ ရက်မှာ လည်းကောင်း၊ MPA သင်တန်းအတွက် ၀င်ခွင့်ရေးဖြေစာမေးပွဲကို မေလ ၁၈ ရက်နဲ့ နှုတ်ဖြေစာမေးပွဲကို မေလ ၂၅ ရက်မှာ လည်းကောင်း ပြုလုပ်သွားမှာပါ။
သင်တန်းနဲ့ပတ်သက်ပြီး အသေးစိတ်သိလိုပါက မုံရွာစီးပွားရေးတက္ကသိုလ် သင်တန်းရေးရာဌာန ဖုန်း – ၀၉-၇၉၅၂၁၉၁၅၁၊ စီမံခန့်ခွဲမှုပညာဌာန(MBA) ၀၉-၄၄၂၉၃၄၂၂၅၊ ဘောဂဗေဒဌာန(MPA) ၀၉-၇၈၉၉၅၁၀၁၉ တွေကို
စုံစမ်းမေးမြန်းနိုင်ပါတယ်။
Source;Internet Journal