တက္ကသိုလ်ဝင်တန်း၏ လက်ရှိဘာသာတွဲစနစ်ကို လိုအပ်သလို ပြုပြင်ပြောင်းလဲမည်

တက္ကသိုလ်ဝင်တန်း၏ လက်ရှိဘာသာတွဲစနစ်ကို လိုအပ်သလို ပြုပြင်ပြောင်းလဲမည်

တက္ကသိုလ်ဝင်တန်း သင်ရိုးညွှန်းတမ်းအပေါ် မူတည်ကာ လက်ရှိဘာသာတွဲစနစ်ကို လိုအပ်သလို ပြုပြင်ပြောင်းလဲ ဆောင်ရွက် သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

READ - ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်၌ ကျောင်းသားဦးရေ ၃၀ စီ တိုးမြှင့်လက်ခံမည်

” တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်း ဘာသာတွဲ ၈ ခုနဲ့ပတ်သတ်ပြီး အခြေခံပညာဖွဲ့စည်းပုံသစ် KG+12 (KG +5+4+3) စနစ်သစ်အရ အခြေခံပညာ အထက်တန်း အဆင့်မှာ အတန်းအဆင့် ၃ တန်းဖြစ်မှာ ဖြစ်တဲ့အတွက် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်သစ်နဲ့အညီ မသင်မနေရ ဘာသာရပ်များနဲ့ ရွေးချယ်သင်ယူရမယ့် ဘာသာရပ်တွေရှိလာမှာ ဖြစ်ပါတယ်” လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

News Read 5210 times