တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ သွားလာမှု အဆင်ပြေစေရန် မွန်ပြည်နယ်၌ စာစစ်ဌာနငါးခု တိုးမြှင့်ဖွင့်လှစ်ရန် တင်ပြထား

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ သွားလာမှု အဆင်ပြေစေရန် မွန်ပြည်နယ်၌ စာစစ်ဌာနငါးခု တိုးမြှင့်ဖွင့်လှစ်ရန် တင်ပြထား

“ကျောင်းသားများ စာမေးပွဲဖြေတဲ့အခါ သွားလာလမ်းပန်းဆက်သွယ်ရေး၊ လုံခြုံရေး၊ မသမာမှုကင်းရှင်းရေ စတာတွေကို အဓိကထား စိစစ်ပါတယ်။ ဥပမာ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ အထကမှာ စာမေးပွဲဖြေမယ့် ကျောင်းသားဦးရေ ၂၀၀ ၀န်းကျင်းရှိတယ်။ သူတို့တွေ ပေါင်မြို့အထကမှာ လာဖြေကြရမယ်ဆိုရင် ဝေးတဲ့အတွက်ရယ်၊ မသမာမှုကြီးကြပ် စောင့်ကြည့်ရမယ့် အပိုင်းမှာလည်း ကျောင်းသားနည်းရင် ကြီးကြပ်ရတာ ပိုပြီး ထိရောက်ပါတယ်။ အဲဒီအတွက် စာစစ်ဌာန ငါးခုတိုးချဲ့ဖွင့်လှစ်ပေးဖို့ စိစစ်ထောက်ခံတင်ပြထားပါတယ်” ဟု ပြောသည်။

READ - စာသင်ကျောင်း ၃၁ ကျောင်း၌ အွန်လိုင်းအသုံးပြု Tablet များဖြင့် ပညာသင်ကြားပေးနေ

ထိုထောက်ခံတင်ပြထားသည့် စာစစ်ဌာနငါးခုမှာ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာ၊ အလှပ်အထက၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာ၊ ကြာပန်းအထက၊ နောင်ကုလားကျေးရွာ၊ နောင်ကုလားရှမ်းရွာ အထက၊ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာ၊ ရွှေလှေအထက၊ မော်လမြိုင်မြို့၊ ရွှေနတ်တောင် အထကတို့ဖြစ်သည်။

“စာစစ်ဌာနအသစ်ခွင့်ပြုချက်ရရှိဖို့အတွက် အချက်လေးချက်ကို အဓိကထားပြီး စိစစ်ထောက်ခံတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှဟ် မတ်လတက္ကသိုလ်ဝင် စာမေးပွဲတွင် စာစစ်ဌာန ၄၈ ခု၊ ၂၀၁၇ ခုနှစ် မတ်လ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၅၀ ခုရှိခဲ့ပြီး၊ ခွင့်ပြုချက်ရရှိပါက ၂၀၁၈ ခုနှစ် မတ်လတက္ကသိုလ်ဝင် စာမေးပွဲ စာစစ်ဌာန ၅၅ ခုရှိလာမည် ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 1939 times