တက္ကသိုလ်ဝင်တန်းအဖြေလွှာများစစ်ဆေးရန် လုပ်သက်သုံးနှစ်နှင့်အထက် တက္ကသိုလ်/အခြေခံအထက်တန်းပြ ဆရာ၊ ဆရာမများကို အသုံးပြုမည်

တက္ကသိုလ်ဝင်တန်းအဖြေလွှာများစစ်ဆေးရန် လုပ်သက်သုံးနှစ်နှင့်အထက် တက္ကသိုလ်/အခြေခံအထက်တန်းပြ ဆရာ၊ ဆရာမများကို အသုံးပြုမည်

ဖြေဆိုလျက်ရှိသည့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအဖြေလွှာများကို စစ်ဆေးရမည့် တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် အထက်တန်းပြများကို လုပ်သက်သုံးနှစ်ပြည့်ပြီးသော သူများကို အသုံးပြုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်တန်း အဖြေလွှာများကို စစ်ဆေးရာတွင် ဘာသာရပ်ကျွမ်းကျင်သူများ ရွေးချယ်စေလွှတ်ရန်အတွက် လမ်းညွှန်မှာကြားထားပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အခြေခံပညာအတန်းတွေရဲ့စာမေးပွဲတွေမှာ မေးခွန်းတွေမမှားဖို့၊ မေးခွန်းတွေပြုစုတာ ၀ါရင့်ဆရာတွေသုံးဖို့၊ တက္ကသိုလ်ဝင်တန်းမှာ ဖြေတဲ့အဖြေလွှာတွေကို ဘာသာရပ်ကျွမ်းကျင်တဲ့ဆရာများကို သုံးဖို့ လမ်းညွှန်ထားပါတယ်။

အဖြေလွှာတွေ စစ်ဖို့ခေါ်ပြီဆိုရင် လုပ်သက်သုံးနှစ်လောက်ရှိတဲ့ ဆရာတွေကို ခေါ်ပြီး စစ်ဖို့ လျာထားပါတယ်။

နှစ်စဉ်ဖြေဆိုနေရသော တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းများကို တစ်နိုင်ငံလုံးရှိ ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်များမှ ၀ါရင့်ပါမောက္ခများ၊ ပါမောက္ခဌာနမှူးများ၊ အထက်တန်းပြများကို အသုံးပြုပြီး ဘာသာရပ်တစ်ခုလျှင် စာစစ်မှူးချုပ် ၁၀ ဦးက ပြုစုထုတ်ဝေသော မေးခွန်းများကို အသုံးပြုပြီး မေးမြန်းလေ့ရှိကြောင်း သိရသည်။

စာမေးပွဲဖြေထားတဲ့ အဖြေလွှာတွေကိုတော့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှရှိတဲ့ အထင်ကရ တက္ကသိုလ်တွေကို ပို့ပြီးတော့ စစ်ဆေးလေ့ရှိပါတယ်။

အဖြေလွှာတွေမစစ်ခင် သက်ဆိုင်ရာ စာစစ်မှူးချုပ်တွေ အစည်းအဝေးပြုလုပ်ပြီး အမှတ်ပေးစည်းမျဉ်းတွေ ရေးဆွဲပြီး အဖြေလွှာတွေကို စတင်စစ်ဆေးပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 10978 times