Server down နိုင်တယ်။ ပြိုင်တူကြည့်တဲ့ Limit ပြည့်ရင်လည်း Error တက်နိုင်တယ်။ Server ဒေါင်းချင်မှ လည်း ဒေါင်းမယ်။ ဒီနှစ် facebook မှာမတင်လို့ အားလုံး ၀က်ဘ်ဆိုက်ဘက်ကိုရောက်မှာ။ မနှစ်ကတော့ ၀က်ဘ်ဆိုက်က နိုင်တယ်။ မဒေါင်းဖို့တော့ နည်းပညာကို အဆင့်မြှင့်တင်ထားပါတယ်။
ပညာရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်များမှ ၀င်ရောက်ကြည့်ရှုသူများအနေဖြင့် နံနက် ၆ နာရီ အချိန်မတိုင်မီ ၀င်ရောက်ကြည့်ရှုနိုင်မည်မဟုတ်ပဲ နံနက် ၆ နာရီ ထိုးပြီးမှသာ အောင်စာရင်းများကို ၀င်ရောက်ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
၂၀၁၆-၂၀၁၇ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ စာစစ်ဌာနများတွင် ကြေညာမည်ဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးရှိ အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်း၊ အင်းစိန်၊ ရန်ကင်းမြို့နယ် အထက(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ လမ်းမတော်မြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် တိုင်းဒေသကြီး ပြည်နယ် အသီးသီး၏ အောင်စာရင်းများကို ကြေညာမည် ဖြစ်သည်။
ဇွန်လ ၁၇ ရက်နေ့ နံနက် ၆ နာရီ အချိန်မှစတင်ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ထုတ်ပြန်ကြေညာတော့မည် ဖြစ်သည်။
အောင်စာရင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကြေညာပေးထား မည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၏ ၀က်ဘ်ဆိုက်တို့မှလည်း ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today