တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာပုံစံအား ပြောင်းလဲမည်ဆိုပါက အများပြည်သူသိရှိစေရန် ကြိုင်တင်အသိပေးသွားမည်ဖြစ်ကြောင်း သိရ

တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာပုံစံအား ပြောင်းလဲမည်ဆိုပါက အများပြည်သူသိရှိစေရန် ကြိုင်တင်အသိပေးသွားမည်ဖြစ်ကြောင်း သိရ

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာပုံစံ (Question Format) အား ပြောင်းလဲမည် မဟုတ်သော်လည်း တွေးခေါ်မြော်မြင်နိုင်မှုကို ဆန်းစစ် ဖော်ထုတ်သော မေးခွန်းများကို ပိုမိုထည့်သွင်းမေးမြန်းမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအား အလွတ်ကျက်မှတ်ဖြေဆိုခြင်းထက် ဆက်စပ်တွေးခေါ် စဉ်းစားဆင်ခြင်သုံးသပ် နိုင်သည့် အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ တွေးခေါ်မြော်မြင်နိုင်မှုကို ဆန်းစစ်ဖော်ထုတ်သော မေးခွန်းများအား ထည့်သွင်းမေးမြန်းခြင်း ဖြစ်ကြောင်းသိရသည်။

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံက မနှစ်ကအတိုင်းပါပဲ။ ၂၀၁၉ အတွက် ဘာမှမပြောသေးဘူး။ လက်ရှိဖြေနေတဲ့ကလေးများအတွက် နားလည်မှုလွဲမှာ စိုးတဲ့အတွက် မပြောသေးပါဘူး။ မနှစ်က ၂၀၁၇ ခုနှစ် မေးခွန်းပုံစံအတိုင်း ၂၀၁၈ ခုနှစ်မှာ မေးမှာပါ။

READ - မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂ဝ၁၈ ခုနှစ်တွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ကြေညာချက်ထုတ်ပြန်

မေးခွန်းပုံစံပြောင်းမယ်ဆိုရင်လည်း ကြိုတင်အသိပေးသွားမှာပါ။ တွေးခေါ်မြော်မြင်နိုင်တဲ့ မေးခွန်းများကိုသာ မေးသွားမှာဖြစ်ပါတယ်။

ဥပမာ- Text Book ထဲက မေးခွန်းကို မေးလိုက်တော့ ဒီစာသားကို ကြည့်ပြီး ဒီအကြောင်းအရာကိုပဲ ဖြေရမယ်ဆိုတဲ့ ပုံစံမျိုးကလေးတွေက ချက်ချင်းသိသွားရော။ အဲလိုပုံစံမျိုးမဟုတ်ဘဲ ကလေးများကို စဉ်းစားရတဲ့ မေးခွန်းမျိုး၊ စာသားကို လှည့်မေးတာမျိုးပေါ့။ မေးခွန်းပုံစံတော့ မပြောင်းဘူး။ ကျိုးကြောင်းဆက်နွှယ်စဉ်းစားတတ်သွားစေမယ့် မေးခွန်းမျိုး မေးပါ့မယ်။

လက်ရှိတွင် မြန်မာ့ပညာရေးစနစ်မှာ အလွတ်ကျက်စနစ်ဖြင့် သင်ကြားခဲ့ခြင်းကြောင့် တွေးခေါ်မြော်မြင်ရသည့် မေးခွန်းများကို မေးမြန်းမည်ဆိုပါက ပြဌာန်းချက်များကို ကုန်စင်အောင် သင်ကြားပေးရန် လိုအပ်ကြောင်း၊ မေးခွန်းပုံစံပြောင်းလဲမည်ဆိုပါက အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူကာ ကြိုတင်အသိပေးရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်အား ပြုလုပ်ရန် လိုအပ်ကြောင်း၊ ကျောင်းသားမိဘတစ်ဦးက သုံးသပ်ပြောကြားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: daily eleven

News Read 2352 times