တက္ကသိုလ်ဝင်တန်း စာစစ်ဌာန တစ်နိုင်ငံလုံးတွင် ၁၄၀၀ ကျော်နှင့် နိုင်ငံခြားစာစစ်ဌာန ၂၀ အထိ ဖွင့်လှစ်ပေးသွားမည်

တက္ကသိုလ်ဝင်တန်း စာစစ်ဌာန တစ်နိုင်ငံလုံးတွင် ၁၄၀၀ ကျော်နှင့် နိုင်ငံခြားစာစစ်ဌာန ၂၀ အထိ ဖွင့်လှစ်ပေးသွားမည်

၂၀၁၈ ခုနှစ် မတ် ၇ ရက်တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကျောင်းသား၊ ကျောင်းသူ ရှစ်သိန်းလေးသောင်းကျော် ၀င်ရောက်ဖြေဆိုရန် စာရင်းပေးထားပြီး နိုင်ငံတကာသို့ ရောက်ရှိသူ ၁၈၇ ဦးလည်း စာရင်းပေးသွင်းထားကြောင်းသိရသည်။

“ဒီနှစ်က စာဖြေသူ အရေအတွက်လည်း များသလို စာစစ်ဌာနအရေအတွက်လည်း တိုးပေးထားရတယ်။ အဓိကကတော့ စာဖြေ ကျောင်းသား၊ ကျောင်းသူတွေအတွက် သွားရေးလာရေး၊ ဆက်သွယ်ရေးတွေ အဆင်ပြေအောင် အဆင်ပြေပြေစာမေးပွဲဖြေနိုင်အောင် စီစဉ်ပေးတာပါ။ ဒီနှစ်က နိုင်ငံခြား စာစစ်ဌာနကို သုံးခုထပ်တိုး လိုက်ရတယ်။ မနှစ်ကဆိုရင် ၁၇ ခု လောက်ပဲ ရှိတယ်” ဟု ပြောသည်။

READ - သက်မွေးပညာသင်တန်းများအတွက် သင်တန်းသား ၂၇၅ ဦး ခေါ်ယူရန် စီစဉ်

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများက အဆင့်ဆင့် ကြီးကြပ်ကာ စီမံချက်များရေးဆွဲ ဆောင်ရွက်ရမည်ဖြစ်သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲမကျင်းပမီ အချိန်တွင် လူမှုရေးပြဿနာများ၊ ငွေကြေးကောက်ခံခြင်းများ၊ ခိုက်ရန်ဖြစ်ပွားခြင်းများ၊ အရက်သေစာသောက်စားခြင်းများ၊ ညအချိန်တွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ကာယိ္ဒြေပျက်ယွင်းစေမည့်အကြောင်းအရာများ၊ အဆိပ်ရှိသည့် သတ္တ၀ါများ အကိုက်ခံရခြင်းများ မဖြစ်စေရန် အဆင့်ဆင့် ကြီးကြပ်ကာ ကြိုတင်ဆောင်ရွက်ရန်အတွက် ညွှန်ကြားထားကြောင်း သိရသည်။

“ဒီနှစ်မှာ စာမေးပွဲကတော့ အပြောင်းအလဲ သိပ်မရှိပါဘူး။ ခါတိုင်းနှစ်လိုပဲ ပုံမှန်ကျင်းပနေချိန်အတိုင်း ကျင်းပသွားမှာပါ” ဟု ပြောသည်။

ယခင်နှစ်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူ ခုနှစ်သိန်းကျော် ၀င်ရောက်ဖြေဆိုခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

SOURCE: DEMOCRACY TODAY

News Read 4106 times