တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း တစ်ပတ်အတွင်း ထုတ်ပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း တစ်ပတ်အတွင်း ထုတ်ပေးမည်

အမှတ်စာရင်းတောင်းခံရာတွင် ဖြေဆိုသူအမည်နှင့် ခုံနံပါတ်လိုအပ်မည်ဖြစ်ပြီး ဖြေဆိုသူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလာ ရောက်ထုတ်ယူနိုင်သည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးတစ်ဦးက ပြောသည်။

‘‘အောင်စာရင်း ထွက်ပြီးရင် အမှတ်စာရင်းကို မြန်မြန်သိချင်ကြတာပဲဆိုတော့ အောင်စာရင်းထွက်ပြီး တစ်ပတ်အတွင်း အမှတ်စာ ရင်းစထုတ်ပေးနိုင်ဖို့ စီစဉ်နေပါ တယ်’’ဟု ၎င်းကဆိုသည်။

READ - တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို အွန်လိုင်းမှ ကြည့်ရှုနိုင်သော Link များ

အမှတ်စာရင်းများထုတ်ယူရာတွင် အမှတ်စာရင်းတောင်းခံလွှာနှင့် တံဆိပ်ခေါင်းဖိုးအတွက် ကျပ် ၄၀ဝ ပေးသွင်းရမည်ဖြစ်ကာ ပျမ်းမျှအားဖြင့် တစ်မိနစ်အတွင်း ကျောင်းသားနှစ်ဦး၏ အမှတ်စာရင်းကို ထုတ်ပေးနိုင်ရန် လျာထား ဆောင်ရွက်မည်ဟု ဆိုသည်။

ယခင်နှစ်များက မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ) တွင် အမှတ်စာရင်းထုတ် ပေးရာ၌ ပွဲစားများအတွက် ဈေးကွက်တစ်ခုပေါ်ပေါက်ခဲ့ရာ ယခုနှစ်တွင် ယင်းတို့ အခြေပြုလှုပ်ရှား တတ်သော မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနရုံးရှေ့ရှိ ဈေးဆိုင်များကို ဖယ်ရှားထားမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

အမှတ်စာရင်းထုတ်ယူသူများ သတင်းအချက်အလက် ပွင့်လင်း မြင်သာစွာရရှိရန် အမှတ်စာရင်း ထုတ်ယူမှုနှင့် ပတ်သက်သော ကြေညာချက်များကို ရုံးအတွင်း ကပ် ထားမည်ဖြစ်ကြောင်း သိရသည်။

READ - ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးအမှတ်များ

www.edge.com.mm

Source: 7 day daily

News Read 6209 times