၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ အမှတ်စာရင်းထုတ်ယူရာတွင် အဆင်ပြေစေရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ကြီးများတွင် အမှတ်စာရင်းကို Mobile Team များ စေလွှတ်ပြီး ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ဒီနှစ်လည်း ထုတ်ပေးနိုင်ဖို့ စီစဉ်နေပါတယ်။ မနှစ်ကတော့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးကို မျှပြီး ထုတ်ပေးခဲ့တယ်။
ဒီနှစ်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးကို သွားပြီး အမှတ်စာရင်းတွေ ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
အမှတ်စာရင်းများကို ယခင်က မြန်မာနိုင်ငံစာစစ် ဦးစီးဌာနရုံးစိုက်ရာ ရန်ကုန်ရှိ လှိုင်တက္ကသိုလ် နယ်မြေ (ဇွဲကပင်ဆောင်) နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန နေပြည်တော်တို့တွင် ထုတ်ယူနိုင်သည့်အတွက် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်ထုတ်ယူရမည့် ကျောင်းသား၊ ကျောင်းသူများ သွားလာရေးအခက်အခဲရှိသည့်အတွက် Mobile Team များဖြင့် ဆောင်ရွက်ပေးမည် ဖြစ်သည်။
READ -မြန်မာကျောင်းသားများ ဥရောပသမဂ္ဂ၏ Erasmus Mundus ပညာသင်ဆု လျှောက်ထားနိုင်
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခက်အခဲမရှိ အချိန်မီအမှတ်စာရင်းထုတ်ယူနိုင်အောင် အခုလို ဆောင်ရွက်ပေးရခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံစာစစ် ဦးစီးဌာနမှ ထိုကဲ့သို့ အမှတ်စာရင်းများကို Mobile Team များဖြင့် ဆောင်ရွက်ပေးခြင်းကို ၂၀၁၆ ခုနှစ်တက္ကသိုလ်ဝင်တန်း အောင်စာရင်းမှ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today