တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်သည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ ငါးသောင်းကျော်ဖြေဆိုရန် ပျက်ကွက်

တက္ကသိုလ်ဝင်တန်းစာမေးပွဲစတင်သည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ ငါးသောင်းကျော်ဖြေဆိုရန် ပျက်ကွက်

ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများ ၇၆၇၄၂၂ ဦး ဖြေဆိုရန် စာရင်းရှိခဲ့သော်လည်း မြန်မာစာဖြေဆိုသည့်နေ့တွင် အမှန်တကယ် လာရောက်ဖြေဆိုသူ ဦးရေမှာ ၇၁၆၂၁၆ ဦးသာ ရှိပြီး ပျက်ကွက်သူဦးရေမှာ ၅၁၂၀၆ ဦး ရှိခဲ့ပါသည်။

ပျက်ကွက်ဦးရေမှာ ယခင်နှစ်ကထက် တစ်သောင်းခွဲကျော် ပိုမိုပျက်ကွက်ခဲ့ကြောင်း ယခင်နှစ်က ပျက်ကွက်သူဦးရေမှာ ၃၅၄၃၀ ဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

၂၀၁၇ ခုနှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြည်တွင်းစာစစ်ဌာန ၁၅၀၀ ကျော်နှင့် နိုင်ငံခြားစာစစ်ဌာန ၁၇ ခု ဖွင့်လှစ်ပြီး ဖြေဆိုစေခဲ့ရာ ယခုနှစ်တွင် စာစစ်ဌာန အရေအတွက်များ တိုးတက်ခြင်း၊ ဖြေဆိုရန် စာရင်းပေးသူ တိုးတက်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းသေဒကြီးတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုရန် စာရင်းပေးသွင်းသူ တစ်သိန်းတစ်သောင်းကျော်ရှိခဲ့ပြီး ကျောင်းမှဝင်ရောက်ဖြေဆိုသူ ၆၃၉၉၉ ဦးနှင့် ပြင်ပဖြေဆိုသူ ၅၀၂၃၈ ဦးရှိကြောင်း မြန်မာစာဖြေဆိုသည့် နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ စာစစ်ဌာန ၂၁၇ ခုတွင် လာရောက်ဖြေဆိုသူ ၁၀၄၂၅၆ ဦးရှိခဲ့သည့်အတွက် ပျက်ကွက်သူ ၉၉၈၁ ဦး ရှိခဲ့ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စာဖြေသူ ခြောက်ဦး ရှိပါသည်။

မြန်မာစာဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူအများစု ဖြေဆိုနိုင်ခဲ့ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2860 times