အခုထိတော့ ဘာစည်းကမ်းချက်မှ မပြောထားသေးဘူး၊ ဟိုရောက်ရင် ဘယ်လိုလာမလဲမသိသေးဘူး၊ လကုန်အရောက် သတင်းပို့ပေးရမှာ ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်းအဖြေလွှာ စတင်စစ်ဆေးမှုတွေကို လာမယ့် ဧပြီလ ၁ ရက်နေ့ စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ စာစစ်ဌာန ရှစ်ခုဖွင့်လှစ်ပြီး စစ်ဆေးတယ်လို့ သိရပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
အခု ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးဖို့ တာဝန်ကျတဲ့သူတွေအတွက် စစ်ဆေးခအဖြစ် အဖြေလွှာတစ်စောင်ကို အရင် ကျပ် ၇၀ ကနေ ယခု ကျပ် ၁၅၀ သတ်မှတ်ပြီး ကျပ် ၈၀ တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။
စာစစ်မှူးတစ်ယောက်ကို ထောက်ပံ့ငွေ အရင်ကျပ် ၃၀,ဝ၀ဝ သတ်မှတ်ပေမယ့် ယခုအခါ ၅၀,ဝ၀ဝကျပ်၊ စာစစ်မှူးချုပ် တစ်ဦးကို အရင်က ငွေကျပ် ၅၀,ဝ၀ဝ သတ်မှတ်ပေမယ့် ယခုအခါ တစ်သိန်းကျပ်နဲ့ မေးခွန်းထုတ်သူ တစ်ဦးကို ကျပ် ၅၀,ဝ၀ဝ ကနေ ယခုအခါ ကျပ် တစ်သိန်း တိုးမြှင့် သတ်မှတ်ပေးတယ်လို့ သိရပါတယ်။
အခုလို စာစစ်ခတွေ တိုးမြှင့်သတ် မှတ်ပေးတာက အစိုးရသစ်လက်ထက်အတွင်း ပထမဆုံးအကြိမ် တိုးမြှင့်ပေးတာဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများအဖွဲ့ချုပ်နဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုအပြီး အကောင်အထည်ဖော်ဆောင်ရွက်မှု တစ်ခုဖြစ်ပါတယ်။
အဖြေလွှာတွေစစ်ဆေးဖို့ သက်ဆိုင်ရာကျောင်းတွေက အထက်တန်းပြဆရာ ဆရာမတွေနဲ့ တက္ကသိုလ်ဒီဂရီကောလိပ်တွေက ဆရာ ဆရာမတွေကို တာဝန်ပေးအပ်ထားပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်ဆေးခဲ့ တာဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: kumudranews