‘‘အခု အမှတ်စာရင်းတွေ ထုတ်ပေးနေပါတယ်။ အမှတ်စာရင်းထုတ်ယူတာက တစ်လလောက်ဆို တော်တော်များများ ထုတ်ပြီးကြပြီဆိုတော့ ဇူလိုင်လဆန်းလောက်မှာ အောင်လက်မှတ် စထုတ်ပေးဖို့ လျာထားတယ်’’လို့ ဒေါက်တာသိန်းဇံက ပြောပါတယ်။
တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူတွေရဲ့ အောင်လက်မှတ်တွေကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ) ရှိ ဇွဲကပင်ဆောင်နဲ့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (နေပြည်တော်၊ ရုံးအမှတ်-၅၂) မှာ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
READ - အွန်လိုင်းတွင် တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များ မမှန်ဟု ပညာရေးဝန်ကြီးဌာန ထုတ်ပြန်
အောင်လက်မှတ် ထုတ်ယူရာမှာ ကျောင်းသား၊ ကျောင်းသူကိုယ်တိုင် ထုတ်ယူရင် ခြောက်လအတွင်း ရိုက်ကူးထားတဲ့ ပတ်ပို့စ်ဓာတ်ပုံနှစ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း၊ အမည်၊ ခုံအမှတ်၊ စာစစ်ဌာန၊ မွေးသက္ကရာဇ်၊ အမိအမည်၊ အဘအမည်၊ နေရပ်လိပ်စာတို့ လိုအပ်မှာဖြစ်ပါတယ်။
ဒီနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေအနေနဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ်နယ်မြေ) ရှိ ဇွဲကပင်ဆောင်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (နေပြည်တော်၊ ရုံးအမှတ်-၅၂)၊ အရင်နှစ်တွေက အောင်မြင်ခဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (လသာ) မှာ တံဆိပ်ခေါင်းဖိုး ကျပ် ၆၀၀ ပေးသွင်းကာ ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7 day daily and duwun