တက္ကသိုလ်ဝင် အောင်စာ ရင်းများကို သက်ဆိုင်ရာစာစစ် ဌာနများအပြင် အထက(၁) အင်း စိန်၊ အထက(၁) ရန်ကင်း၊ အထ က(၃)ကမာရွတ်၊ အထက(၁) လမ်းမတော်၊ အထက(၂)ဒဂုံ၊ အထက(၁) သင်္ဃန်းကျွန်းတို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အား လုံး၏အောင်စာရင်းများ ထုတ် ပြန်မည်ဖြစ်သည်။
ထို့အပြင် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ၀က်ဘ်ဆိုက် (www.myanmarexam.com) ၌ တစ်နိုင်ငံလုံးရှိ အောင်စာရင်းများကို ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးမှ ကျောင်းသား၊ ကျောင်းသူ ၇၁၆,၁၈၈ ဦး ၀င်ရောက် ဖြေဆိုပြီး ၂၄၂,၇၃၆ ဦး အောင်မြင်ခဲ့ရာ အောင်ချက် ၃၃ ဒသမ ၈၉ ရာခိုင် နှုန်းရှိခဲ့သည်။
၂၀၁၈ မတ်လက ကျင်းပ သည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် ၀င်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ခုနစ်သိန်း ခန့်ရှိ ကြောင်း ပညာရေးဝန်ကြီးဌာန စာရင်းများ၌ ဖော်ပြထားသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: 7day daily