တက္ကသိုလ်ဝင်တန်း အောင်ချက်ကျဆင်းရခြင်း၏ အကြောင်းရင်းများ နိုင်ငံတော်သမ္မတရုံးသို့ စိစစ်တင်ပြရမည်

တက္ကသိုလ်ဝင်တန်း အောင်ချက်ကျဆင်းရခြင်း၏ အကြောင်းရင်းများ နိုင်ငံတော်သမ္မတရုံးသို့ စိစစ်တင်ပြရမည်

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို ဇွန် ၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဖြေဆို သူ ခုနှစ်သိန်းရှစ်သောင်းကျော်နှင့် အောင်မြင်သူ ၂၅၉၁၉၁ ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၈၂ ရာခိုင်နှုန်း ရှိခဲ့သည်။

ယခုနှစ်တွင် အောင်မြင်သူအရေအတွက်မှာ ယခင်နှစ်ကထက် တစ်သောင်းဝန်းကျင် ပိုမိုများပြားလာခဲ့သော်လည်း တိုင်းဒေသကြီး၊ ပြည်နယ်အများစုမှာ အောင်ချက်ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ယင်းအတွက် အဆိုပါ အကြောင်းရင်းကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီး ဌာနမှ သိရသည်။

ဒီနှစ်ဖြေတဲ့အရေအတွက်က အရင်နှစ်ကထက် ပိုများလာတယ်။ အဲဒီတော့ အောင်တဲ့သူများခဲ့သလို ကျရှုံးတဲ့သူကလည်း ပိုများသွားတယ်။ ဒီလိုအောင်ချက်ကျရတဲ့အကြောင်းကို တောင်းတယ်ဆိုတာက လာမယ့်နှစ်မှာ ဖြေမယ့် စာမေးပွဲမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့အောင်ချက်ရာခိုင်နှုန်းတွေ တိုးလာအောင် လမ်းညွှန်မှာကြားဖို့အတွက် တင်ပြခိုင်းတာ ထင်ပါတယ်” ဟု ပြောသည်။

အောင်ချက်ရာခိုင်နှုန်းများ တောင်းခံခြင်းမရှိသည့်ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် နိုင်ငံခြားစာစစ်ဌာနများ ဖြစ်သည်။

ယခုနှစ်တွင် အောင်မြင်သူအများဆုံး၊ အောင်ချက်ရာခိုင်နှုန်းအများဆုံးဖြစ်ခဲ့သည့်ဒေသမှာ မန္တတိုင်းဒေသကြီး ဖြစ်သော်လည်း ယခင်နှစ်ကထက် အောင်ချက်ရာခိုင်နှုန်းကျဆင်းခဲ့သည့်အတွက် အောင်ချက်ကျရသည့် အကြောင်းရင်း ပေးပို့ရမည် ဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် ဖြေဆိုသူ ၇၁၆၁၈၈ ဦး၊ အောင်မြင်သူ ၂၄၂၇၃၆ ဦး အောင်ချက်ရာခိုင်နှုန်း (၃၃ ဒသမ ၈၉) ရှိခဲ့သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

 

News Read 3032 times