သင်ရိုးသစ်ပြောင်းပြီးရင် တက္ကသိုလ်ဝင်စာမေးပွဲတွေ ရှိတော့မှာမဟုတ်

သင်ရိုးသစ်ပြောင်းပြီးရင် တက္ကသိုလ်ဝင်စာမေးပွဲတွေ ရှိတော့မှာမဟုတ်

၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ Grade-4, Grade-7, Grade-10 သင်ရိုးတွေ ပြောင်းလဲမှာမို့ တက္ကသိုလ်ဝင်စာမေးပွဲတွေ မရှိတော့ဘူးလို့ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

သင်ရိုးသစ်ပြောင်းလဲနေစဉ် သင်ရိုးဟောင်းမှာ ကျရှုံးခဲ့သူတွေ အနေနဲ့ တက္ကသိုလ်ဝင် စာမေးပွဲက ဆက်ရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခြေခံပညာသင်ရိုးညွှန်းတမ်းတွေကို ၂၀၁၆-၁၇ စတင်ပြောင်းလဲခဲ့ပြီး ၂၀၂၂-၂၃ မှာ အတန်းအားလုံးကို သင်ရိုးအသစ်တွေ ပြောင်းလဲမယ်လို့ ပညာရေးဝန်ကြီးဌာနမှ ကြေညာထားပါတယ်။

၂၀၁၈-၁၉ မှာ Grade-2 ပညာရေး၊ ၂၀၁၉-၂၀၂၀ မှာ Grade-3 နဲ့ Grade-6 ပညာရေး၊ ၂၀၂၀-၂၀၂၁ မှာ Grade-4, 7 နဲ့ 10 ပညာရေး၊ ၂၀၂၁-၂၀၂၂ မှာ Grade-5, 8 နဲ့ 11 ပညာရေး၊ ၂၀၂၂-၂၀၂၃ မှာ Grade-9 နဲ့ 12 ပညာရေးတွေကို တစ်နှစ်ချင်းစီမှာ သင်ရိုးအသစ်တွေ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

အခြေခံပညာပြီးစီးကြောင်း လက်မှတ်ရပြီးသူတိုင်း မိမိကြိုက်နှစ်သက်ရာ သက်မွေးဝမ်းကျောင်းပညာသင်ကျောင်းတွေကို ရွေးချယ်တက်ရောက်နိုင်ပြီး လက်မှတ်ရသူတိုင်း မိမိဆက်တက်လိုတဲ့ တက္ကသိုလ်ကို ၀င်ခွင့်ဖြေပြီး တက်ရောက်နိုင်မှာဖြစ်ပါတယ်။

သင်ရိုးသစ်အပြောင်းအလဲအရ KG တန်းမှ Grade-12 အထိ အခြေခံပညာသင်နှစ် ၁၃ နှစ်ဖြစ်တယ်လို့ သိရပါတယ်။

source: kumudranews

News Read 8774 times