တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီတွင် ထုတ်ပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီတွင် ထုတ်ပေးမည်

မတ်လ ၆ ရက်မှ ၁၅ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေး ပွဲအတွက် ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီအတွင်း ထုတ်ပေးမည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုခွင့်လျှောက်လွှာများ ကို ၂၀၁၈ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၂၈ ရက်အတွင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ တင်သွင်းခွင့်ပြုခဲ့ရာ ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ၈၉၀,၀၀၀ ကျော်ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေ ဆိုမည့်သူများကို ဘာသာတွဲအလိုက် အစိမ်းရောင်ဖြေဆိုခွင့် ကတ်ပြား၊ ပန်းရောင်ဖြေဆိုခွင့် ကတ်ပြားများ မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက ထုတ်ပေးမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုမည့် ပထမဆုံးရက် တွင် ဖြေဆိုခွင့်ကတ်ပြားကို စာမေးပွဲခန်းသို့ တစ်ပါတည်း ယူ ဆောင်လာရမည်ဖြစ်သည်။

‘‘ဖြေဆိုခွင့် ကတ်ပြားတွေ ပြန်ချပေးဖို့ ကျွန်တော်တို့ ဆောင် ရွက်နေပါတယ်။ ဖေဖော်ဝါရီလ ထဲပဲဖြစ်လိမ့်မယ်’’ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။

စာမေးပွဲဖြေဆိုခွင့်လျှောက် လွှာများတွင် လျှောက်လွှာတင်သွင်းသူသည် နဝမတန်းအောင် မြင်ပြီးဖြစ်ကြောင်း ကျောင်းအုပ် ကြီးများနှင့် မြို့နယ်ပညာရေးမှူး များက ထောက်ခံလက်မှတ်ရေး ထိုးကာ တင်သွင်းရပြီး လျှောက် လွှာတင်သူများ နဝမတန်းအောင် မြင်ခြင်း ရှိ၊ မရှိ၊ လျှောက်လွှာပါ အချက်အလက်များမှန်ကန်မှုရှိ၊ မရှိတို့ကို စိစစ်နေသည်ဟု​ ၎င်းက ဆိုသည်။

အခြေခံပညာအထက်တန်း ကျောင်းများ၊ အထက်တန်း ကျောင်းခွဲများ၊ တွဲဖက်ကျောင်း များ၊ ကိုယ်ပိုင်ကျောင်းများမှ ဖြေဆိုခွင့်လျှောက်ထားသော ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံ မှ လည်းကောင်း၊ ပြင်ပမှ ဖြေဆိုမည့်သူများသည် မိမိတို့ဖြေဆိုရ မည့် စာစစ်ဌာနကြီးကြပ်ရေးမှူး များထံမှ လည်းကောင်း ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရမည်ဖြစ် သည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေ ဆိုခွင့်လျှောက်ထားသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲကို ပြောင်းလဲဖြေဆိုခွင့် ပြုမည်မ ဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက ကြေညာထားသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲမေးခွန်းအချို့ကို အလွတ်ကျက်ဖြေဆိုရသည့် ပုံစံအစား စဉ်းစားတွေးခေါ်ဖြေဆိုရသည့် ပုံစံပြောင်းလဲမည်ဟု ပညာရေး ဝန်ကြီးဌာနက သြဂုတ်တွင်ကြေ ညာထားသည်။

ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၆ ရက်တွင် မြန်မာစာ၊ ၇ ရက်တွင် အင်္ဂလိပ် စာ၊ ၈ ရက်တွင် သင်္ချာ၊ ၉ ရက် တွင် စိတ်ကြိုက်မြန်မာစာ၊ ၁၁ ရက်တွင် ဓာတုဗေဒ၊ ၁၂ ရက်တွင်ရူပဗေဒ၊ ၁၃ ရက်တွင်ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ၁၄ ရက်တွင် ပထဝီဝင်၊ ၁၅ ရက်တွင် သမိုင်းဘာသာ ရပ်များ ဖြေဆိုရမည်ဖြစ်သည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအ တာဖြင့် ဖြေဆိုခွင့် လျှောက်လွှာ တင်သွင်းသူ ၈၄၀,၀၀၀ ကျော်ရှိ သော်လည်း အမှန်တကယ်ဖြေ ဆိုသူ ၇၈၀,၀၀၀ ကျော်သာရှိခဲ့ သည်။

source: 7day

News Read 4475 times