တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ်ပြား ပျက်စီးနေသူများကို သက်ဆိုင်ရာကြီးကြပ်ရေးမှူးထံ တင်ပြပြီး စာမေးပွဲဖြေဆိုခြင်းကို ခွင့်ပြုရမည်

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ်ပြား ပျက်စီးနေသူများကို သက်ဆိုင်ရာကြီးကြပ်ရေးမှူးထံ တင်ပြပြီး စာမေးပွဲဖြေဆိုခြင်းကို ခွင့်ပြုရမည်

လာမည့် မတ်လ ၆ ရက်တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပတော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲ လာရောက်ဖြေဆိုပါက မြန်မာနိုင်ငံစာစ်ဦးစီးဌာနမှ ထုတ်ပေးထားသော စာမေးပွဲဖြေဆိုခွင့်ကတ်များကို နေ့စဉ်ယူဆောင်လာရမည်။

ဖြေဆိုခွင့်ကတ်ပြားများ ပျက်စီးမှုများရှိနေပါကလည်း သက်ဆိုင်ရာ စာစစ်ဌာနကြီးကြပ်ရေးမှူးများထံ အသိပေးတင်ပြကာ စာမေးပွဲဖြေဆိုခွင့်ပြုမည် ဖြစ်သည်။

"ကတ်ပျက်စီးနေလည်း ပျက်စီးနေတဲ့အတိုင်း ယူလာပြီး ဖြေဆိုနိုင်ပါတယ်။ ပျက်စီးနေတာကို စာစစ်ဌာနကြီးကြပ်ရေးမှူးကို တင်ပြပေးရမယ်။ ကြီးကြပ်ရေးမှူးကနေတစ်ဆင့် ပြန်တင်ပြလိမ့်မယ်။ နောက်ရက် မှာ ကတ်အသစ်ပြန်ထုတ်ပေးမယ်။ ပျက်စီး ပျောက်ဆုံးလို့ စိတ်ပူစရာမလိုပါဘူး" ဟုပြောသည်။

READ - ၂၀၁၉ ခုနှစ် တက္ကသိုလ်​၀င်​စာ​မေးပွဲအချိန်​စာရင်း 

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ပျောက်ဆုံးနေပါကလည်း စာမေးပွဲမဖြေဆိုခင် တစ်ရက်လိုအထိ ကတ်အသစ်များ ပြန်လည်ပြုလုပ်နိုင်သလို စာမေးပွဲ ဖြေဆိုနေစဉ်ရက်များအတွင်း ပျောက်ဆုံးပါကလည်း သက်ဆိုင်ရာ စာစစ်ဌာနကြီးကြပ်ရေးမှူးများထံ တင်ပြပြီး ဆက်လက်ဖြေဆိုနိုင်မည် ဖြစ်သည်။

"ကလေးတွေက စာကိုပဲ အာရုံရောက်နေတယ်ဆိုတာ နားလည်တယ်။ ဘယ်ထားမိမှန်းမသိဘဲ ပျောက်နေတတ်ကြတယ်။ စာစစ်ဌာနအလိုက် စာရင်းတွေက ရှိပြီးသား ဆိုတော့ စိတ်ပူစရာမလိုတော့ဘူး။ ဓာတ်ပုံနဲ့တကွ လုပ်ပေးထားတာဖြစ်လို့ ပျောက်ဆုံးပျက်စီးတယ်ပြောပြီး လူစားနဲ့ ဝင်ဖြေလို့ မရနိုင်ပါဘူး" ဟု ပြောကြားထားပါသည်။

source: democracy

News Read 1328 times