၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုမည့်ကျောင်းသား/သူများအနေဖြင့် စက်တင်ဘာ(၂) ရက်နေ့မှ (၃၀) ရက်အထိ လက်ခံပေးမည်ဖြစ်ပါတယ်။
ကျောင်းဖြေကလေးများ လျှောက်ထားရာတွင် လွယ်ကူမှုရှိသော်လည်း ပြင်ပဖြေကျောင်းသား/သူများလျှောက်ထားရာတွင် အခက်အခဲ အနည်းငယ်ရှိနေနိုင်ပါတယ်။
၎င်းအခက်အခဲများ အဆင်ပြေစေရန် ပြင်ပဖြေဆိုခွင့် လျှောက်ထားသူရာအနေဖြင့် မြို့နယ်အတွင်းနေထိုင်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖူးကြောင်း (သို့) ကျရှုံးဖူးကြောင်းစသော မည်သည့်ထောက်ခံစာမှ တင်ပြစရာမလိုအပ်ပါဘူး။ အချက်အလက်ပြည့်စုံမှန်ကန်စွာ ဖြည့်ပေးရန်သာ အဓိကလိုအပ်ပါတယ်။
Arabic (2) အာရဗီ စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။
တက္ကသိုလ်ဝင် စာမေးပွဲပြင်ပဖြေဆို့မည်သူများက ဖြေဆိုခွင့်လျှောက်လွှာ တစ်စောင်လျှင် (၂၀၀) ကျပ်၊ စာမေးပွဲဝင်ကြေး (၇၀၀) ကျပ်တန် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (သို့) မြို့နယ်ပညာရေးရုံးများတွင် ဝယ်ယူပြီး လျှောက်ထားနိုင်ပါတယ်။
Chinese (179) တရုတ် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (179) ခုရှာရန်နှိပ်ပါ။
စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို ဖြေဆိုမည့် ဘာသာတွဲအလိုက် ပန်းရောင်နှင့် အစိမ်းရောင်ကတ်ပြားဖြင့် ခွဲခြားသတ်မှတ်ထားပြီး ဝင်ခွင့်လျှောက်လွှာတွင် ဘာသာတွဲမှားယွင်းဖြည့်စွက်မိပါက ဖြည့်လိုက်တဲ့ ဘာသာတွဲကိုသာ ဖြေဆိုခွင့်ပြုမှာပါ မှန်ကန်အောင်ဖြည့်ဖိုလိုအပ်ပါတယ်။
Read More:>>>> ဆယ်တန်းအောင်မြင်ပြီးသူများ လေယာဉ်မောင်/မယ် သင်တန်းလျှောက်ထားနိုင်ပြီ
ဖောင်တင်သွင်းတဲ့အချိန်မှာ ဖြည့်တဲ့နေရာမှာ မလွဲမှားပါစေနဲ့။ မိမိ၏ မိဘအမည် နှင့်မွေးသက္ကရာဇ် အမှန်သာရေးပါ။ အောင်လက်မှတ်ထုတ်ရင် ကိုယ်ဖြည့်ထားတဲ့အတိုင်းဖြစ်နေမှာ ပြောင်းလဲပေးမှာလဲ မဟုတ်ပါဘူး ဒါကြောင့် ဂရုတစိုက်ဖြည့်ပေးရန် လိုအပ်ပါတယ်။
(www.edge.com.mm)
(PTZS)