ခရိုင်ပညာရေးမှူးတစ်ဦးလျှင် ကျပ်သုံးသောင်းခွဲ၊ ဒုတိယခရိုင် ပညရေးမှူးကို ကျပ် နှစ်သောင်း၊ လက်ထောက်မြို့နယ်ပညာရေးမှူးကို ကျပ်တစ်သောင်းခွဲစီကို ချီးမြှင့်မည်ဖြစ်သည်။
“တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အဆင့်ဆင့်ကြီးကြပ်ရတဲ့သူတိုင်းကို သူ့အဆင့်အလိုက် ချီးမြှင့်ငွေတွေ ပေးမှာပါ။ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးတွေကိုလည်း ရက်အလိုက် ချီးမြှင့်ငွေတွေ ပေးပါတယ်။ အခုပေးတာကတော့ မေးခွန်းပိုင်းကို ဆောင်ရွက်ပေးရတဲ့သူတွေပေါ့” ဟု ပြောသည်။
လက်ရှိတွင် တက္ကသိုလ်ဝင်တန်းအဖြေလွှာများကို ယခုလကုန်ပိုင်းခန့်တွင် စတင်စစ်ဆေးတော့မည် ဖြစ်သည်။
READ - ကမ္ဘာ့ တက္ကသိုလ် အဆင့် သတ်မှတ်ချက် စာရင်းမှာ မြန်မာတက္ကသိုလ်တွေ မပါဝင်
အဖြေလွှာစစ်ဆေးမည့်ဆရာ၊ ဆရာမများကိုလည်း အဖြေလွှာ တစ်အုပ်လျှင် ကျပ် ၁၅၀ နှုန်း ချီးမြှင့်မည်ဖြစ်သည်။
“အဖြေလွှာများကို စစ်ဆေးဖို့အတွက် ကြိုတင်အကြောင်းကြားပြီးပါပြီ။ စာစစ်တဲ့နေရာမှာလည်း စာစစ်မှူးချုပ်တွေ၊ လက်ထောက်စာစစ်မှူးချုပ်တွေကိုလည်း ချီးမြှင့်ငွေတွေ ပေးဦးမှာပါ” ဟုပြောသည်။
တက္ကသိုလ်ဝင်တန်းအဖြေလွှာများကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ စစ်ဆေးရပြီး စာစစ်သည့် ရက်ပေါင်း ၁၀ ရက် ရှိသည်။
အဖြေလွှာစာအုပ်တစ်အုပ်ကို စစ်ဆေးရာတွင် ပထမဆုံးအကြိမ်စစ်ဆေးပြီး၊ Cross Check, Counter Check များဖြင့် သုံးကြိမ်စစ်ဆေးရကြောင်း၊ ယင်းအတွက် စစ်ဆေးသည့် ဆရာ၊ ဆရာမများအတွက် နှုန်းထားများ တိုးမြှင့်ပေးအပ်ရခြင်း ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: democracy today